24_U

43.7K 3.4K 576
                                    

(A/N_ ယခုအပိုင်းသည်လည်း ဧသာန့် POVများသာ ဖြစ်ပါသည်။ )

/
/
/

အခန်း_(၂၄)
"နွေရိပ်၏ တန်ဖိုး ..."




နွေရိပ်ဆိုတဲ့ သတ္တဝါလေးက အရွယ်ရောက်လာလေ အသက်တစ်နှစ် ပိုကြီးလာလေ ပြောရဆိုရ ပိုခက်လာလေပဲ။ သူ့ကို ထိန်းသိမ်း ကြည့်ရှု့ရတာကလည်း ပိုပြီး လက်ဝင်လာရသည်။ ဧသာန်က သက်သောင့်သက်သာ ကျောင်းပြီးတဲ့အထိ နွေရိပ်ကို တက်စေချင်ပေမဲ့ သကောင့်သားလေးက သူ့စကား နားမထောင်ပါ။ အလုပ်တွေ ဖိလုပ်ရင်း ကျောင်းဆက်တက်နေခဲ့သည်။

မာနကြီးတာလည်း မဟုတ်ဘဲ ပေကပ်ကပ်နိုင်တာမျိုး ဖြစ်သည်။

ဧသာန် ဖြစ်စေချင်တာက သူ့အပေါ်မှာ နွေရိပ်ကို အလုံးစုံ မှီခိုစေချင်တာမျိုး။ တစ်သက်လုံး မှီခိုနေလည်း နွေရိပ်ကို သူအပြစ်မြင်မိမှာ မဟုတ်။ တခြားလူဆိုရင်တော့ သူကန်ထုတ်ချင် ထုတ်လိုက်မည်။

ဧသာန့်ကိုသာ မှီခိုအားကိုးစေချင်ပေမဲ့ နွေရိပ်ကတော့ သူ့အားသူသာကိုးသည်။ သူ့ခြေထောက်ပေါ် သူရပ်ကြည့်ဖို့ ကြိုးစားသည်။ မနိုင်ဝန် ထမ်းလိုက်ရတော့ လူက ခဏလေးနဲ့ ပြိုလဲတော့သည်။ ဒါက ဧသာန့်ကို ပို၍ စိတ်တိုစေသည်။

သူ နွေရိပ်ကို မကျန်းမမာဖြစ်နေတာမျိုး မမြင်ချင်ပါ။ ဖျားနာလို့ ငြီးငြူနေသော နွေရိပ်ပုံစံကို မြင်ရခြင်းက သူ့ကို စိတ်မကောင်းဖြစ်စေသည်။
နွေရိပ်ဆီမှ ရောဂါကို သူ့ဆီသာ ကူးပြောင်း လွှဲယူလို့ရရင် သိပ်ကောင်းမည်။

ဖြူဖတ်ဖြူရော် ဖြစ်နေသည့် နွေရိပ်က အမြင်ကတ်စရာ ကောင်းသော စကားတစ်ခွန်းကို သူ့အား ပြောလာခဲ့သည်။

ဧသာန် မိန်းမယူတဲ့အခါ သူဒီအိမ်ကနေ ထွက်သွားပေးမည်တဲ့။

ဒါက အတော်လေး အမြင်ကတ်စရာ ကောင်းလှသော စကားပင်။ သူမကြိုက်ပါ။ အနားကနေ ထွက်သွားမည်ဆိုသော စကားကို သူ မကြိုက်ဆုံးဖြစ်သည်။

သူမကြိုက်သော စကားကို ပြောနေသော နွေရိပ်အား ဧသာန်က တမင်ရစ်ပေးလိုက်သည်။ ထိုအခါကျတော့ နွေရိပ် ငိုသွားလေသည်။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now