4_Z

18.8K 780 14
                                    

အခန်း_(၄)
"အချစ်ဦးနဲ့ တွေ့ဆုံခြင်း ..."

မနက်ခင်းအချိန်တစ်ခုမှာ စက်ဘီးကိုယ်စီနဲ့ အိမ်မှ ထွက်လာကြသည့် ကောင်လေးနှစ်ယောက်။ သူတို့က ဧသာန်နဲ့ နွရေိပ်တို့ပါပဲ။ စက်ဘီးတွေကို နှစ်ယောက်လုံး မစီးဖြစ်သေးဘဲ လက်ကတွန်းရင်း လမ်းအတူ လျှောက်နေကြ၏။

ဒီနေ့လည်း အရင်နေ့တွေလိုပဲ ရာသီဥတု သာယာနေပြီး အေးအေးချမ်းချမ်းလေး ရှိနေခဲ့သည်။ ကောင်းကင်ပြာပြာကြီးနဲ့ တိမ်စိုင်ဖြူတွေ၊ ပြီးတော့ တောက်ပနေသည့် နေဝန်း။ ကြည်လင်နွေးထွေးနေခြင်းက တစ်နေ့တာအတွက် အားအင်တွေ ပေးနေသလိုပင်။

"နွရေိပ် ..."

"ဟင် ..."

လမ်းလျှောက်နေရင်းနဲ့ ခေါ်လိုက်တော့ ဧသာန့်မျက်နှာကို ပြန်မကြည့်မိဘဲ နွရေိပ်က ထူးလိုက်၏။

"ငါမင်းကို သဘောကျတယ် နွရေိပ်၊ ငါနဲ့ တွဲမလားဟင်"

နူးညံ့ဩရှနေတဲ့ ဧသာန့်အသံက အခါတိုင်း လေသံတွေနဲ့ မတူစြာ အနည်းငယ်တော့ ကွဲပြားနေခဲ့သည်။ ရုတ်တရက် ကြားလိုက်ရသည့် အထူးအဆန်း စကားကြောင့် စက်ဘီးရော လူပါ ရပ်တန့်သွားရသည်။ တအံ့တဩမျက်နှာက ဟန်မဆောင်နိုင်အောင် ဖြစ်ပျက်နေခဲ့ပြီး ဧသာန့်ကို ပြန်ကြည့်မိသွားသည်။

"ဘာပြောတာ "

ဧသာန္က သူ့စက်ဘီးသူ ဒေါက်ထောက်လိုက်ပြီးနောက် နွရေိပ် အနားကို တိုးကပ်လာသည်။

"မကြားလိုက်ဘူးလား"

စကားပြောခြင်းနဲ့အတူ နွရေိပ်ရဲ့ မျက်နှာတစ်ခြမ်းကို သူ့လက်ဖဝါးတွေက လာရောက် ထိကိုင်လိုက်ပြန်သည်။ နားထင် နားရွက် ပါးပြင်တို့ကို လက်ဖဝါးရဲ့ အိစက်မှု အထိအတွေ့တွေက ကျရောက်လာသည်။

"ငါမင်းကို သဘောကျတယ် နွရေိပ်၊ ငါနဲ့တွဲမလား၊ တွဲချင်လား ...ဟင်"

နူးညံ့လွန်းနေသော လေသံ။ ညှို့ဓာတ် ပါဝင်နေသော အကြည့်စူးစူးများ။ ပြီးတော့ အထိအတွေ့ အထိ။ အရာအားလုံးက ပြီးပြည့်စုံသော ချစ်ခွင့်ပန်ခြင်းကို ဖြစ်ပေါ်နေစေခဲ့သည်။ ရင်ခုန်စရာကောင်းသော အခိုက်အတန့်တစ်ခုက ယောင်္ကျားလေးတစ်ယောက်ဆီမှ နွရေိပ် လက်ခံရရှိလိုက်၏။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now