5_Z

17.7K 758 13
                                    

အခန်း_(၅)
"မုန်တိုင်း(၁) ...ကျွန်တော်က ဂေးတစ်‌ယောက်ပါ ..."



အထက်တန်းကျောင်းပြီးသွားတော့ ဧသာန့်ဘဝက အတော်လေး ပြောင်းလဲသွားသည်ဟု ပြောရမည်။ ဧသာန့်အမေ ဒေါ်ယုသဒ္ဒါက သူ့ခင်ပွန်းနဲ့ ကွာရှင်းနိုင်ခဲ့ပြီး ဧသာန်ပြောသည့် နွံထဲမှ ရုန်းထွက်သွားခဲ့နိုင်သည်။

ခင်ပွန်းဟောင်းရဲ့ နှောင့်ယှက်ခံရခြင်းများနဲ့ ဝေးရာကို သူ(မ) ထွက်သွားခဲ့၏။ သူ(မ)အလုပ် လုပ်နေသော ဖက်ရှင် companyရဲ့ ပြည်ပရုံးခွဲတစ်ခုကို အပြီးတိုင် ရွှေ့ပြောင်းသွားခဲ့တာ ဖြစ်သည်။

ဒေါ်ယုသဒ္ဒါက သားဖြစ်သူကို သူ(မ)နဲ့အတူ ဟောင်ကောင်ကို လိုက်နေရန် ပြောသော်လည်း ဧသာန်က ငြင်းဆန်ခဲ့သည်။ သားဖြစ်သူကို လွတ်လပ်စွာ နေစေလိုသည့် သူ(မ)က မလိုက်မနေရ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ခြင်းတော့ မရှိခဲ့။

ဧသာန်က အဘိုးအဘွားတွေ ဝယ်ပေးထားသည့် ကွန်ဒိုတိုက်ခန်းမှာ သူတစ်ယောက်တည်း နေထိုင်ရင်း တက္ကသိုလ်ကို ဆက်တက်၏။ ချမ်းသာပြည့်စုံသည့် အဘိုးအဘွားတွေ ‌ပေးသော အထောက်အပံ့များ၊ ဝင်ငွေကောင်းသော မိခင်ထံမှ လစဉ် ပေးဖို့မှုများကြောင့် သူ့ရဲ့ရပ်တည်မှုက တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့သည်။

မပူမပင်စွာနှင့် နာမည်ကြီး အနုပညာကျောင်း တစ်ခုမှာ Photography major ကိုသင်ယူ‌နေခဲ့သည့် ဧသာန်။

အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲတွေမှာ ဧသာန်ရဲ့ အကူအညီနဲ့ အပြင်းအထန် ကြိုးစားခဲ့သည့် နွေရိပ်က H.V universityတွင် Business Administration major တစ်ခုကို‌တော့ ယူနိုင်ခဲ့၏။ ဖခင်ဖြစ်သူရဲ့ အပြစ်တင်ခြင်း အဖြာဖြာကနေ အနည်းငယ်တော့ လွတ်လပ်သွားခဲ့ရသည်သာ။

(A/N_ H.V universityကို မှတ်မိကြတယ်ဟုတ်။ သဏ္ဍာန်ဆန်း ficထဲမှာ ပါတဲ့ ကျောင်းပါ။)

ဧသာန်နဲ့သူ ကျောင်းမတူကြတော့သောအခါ တွေ့ဆုံချိန်တွေက အရင်ကထက် ပိုနည်းသွားတာကတော့ အမှန်ပင်။ အချိန်ရတိုင်း ပြေးတွေ့နေကျပေမဲ့လည်း အရင်လိုတော့ တပူးပူး တတွဲတွဲ မလုပ်ဖြစ်ကြတော့ပေ။

တိတ်တခိုး စိတ်ဝင်စားနေရသည့် BFFနဲ့ အမြဲ မတွေ့ဖြစ်‌တော့သည့် အချိန်တွေဟာ သူ့အတွက်တော့ အလွမ်းနေ့တွေပါပဲ။ မတွေ့မမြင်ရတော့ ပိုသတိရမိပြီး ပိုလွမ်းနေတတ်သည်။ သူ့အချစ်ဦးဟာ ဒီလိုနဲ့ပဲ သူ့နှလုံးသားထဲမှာ အခြေခိုင်စွာ နေရာ ယူလာခဲ့လေတော့သည်။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now