21_Z

14.1K 666 35
                                    

အခန်း_(၂၁)
"အချစ်မခံချင်တော့ဘူး ..."



"ကျွန်တော်တို့ ဒီနေ့ တွေ့ကြရအောင် ...ကျွန်တော် ဝသန့်ကို ပြောစရာလေး ရှိလို့ပါ ..."

ဒီအပတ် Wednesday မှာ နွေရိပ်ဘက်ကနေ အရင်စပြီး ဝသန်လင်းကို ဖုန်းဆက် ချိန်းဖြစ်ခဲ့သည်။ ဒီထက် အချိန်ကြာကြာဆွဲထားရင် သူ့အတွက်လည်း အနေရခက်သလို၊ ဝသန်လင်းကိုလည်း မျှော်လင့်ချက်တွေ ပေးထားသလို ဖြစ်လာနိုင်ပါသည်။ နှစ်ယောက်လုံးအတွက် အထိအခိုက် အနာအကျင် နည်းစေဖို့ အချိန်မဆွဲထားတာကသာ ပို၍ ကောင်းပါလိမ့်မည်။

"ကောင်းပါပြီ ...ကျွန်တော်လည်း နွေရိပ်ကို ပြောစရာလေးတွေ ရှိ‌နေပါသေးတယ် ..."

ဝသန်လင်းဘက်ကလည်း လက်ခံလိုက်သည်။ သူတို့နှစ်ယောက် တွေ့ဆုံရန် ဝသန်လင်းက သူ့အိမ်ကိုသာ ဖိတ်ခေါ်လိုက်ပါ၏။ ညနေစာကို သူကိုယ်တိုင် ချက်ကြွေးမှာမို့ နွေရိပ်ကို အိမ်အလည် ခေါ်လိုက်ခြင်းသာ။

ပထမဆုံးအကြိမ် ဝသန်လင်းအိမ်ကို နွေရိပ် ရောက်ဖူးခြင်းသာ ဖြစ်သည်။ ညနေစာ ချက်ပြုတ်ပြင်ဆင်နေသည့် ဝသန်လင်းကို စောင့်ရင်း ဧည့်ခန်းထဲမှာ နွေရိပ် တစ်ယောက်တည်း ရှိနေရသည်။

ပန်းချီဆရာတစ်ယောက်ရဲ့ နေအိမ်က ထုံးစံအတိုင်း အနုပညာလက်ရာတွေနဲ့ ပြည့်နေခဲ့ပါသည်။ ဆွဲလက်စ ပန်းချီကားတွေနဲ့ ဆွဲပြီးသား ပန်းချီကားတွေကလည်း သူ့နေရာနဲ့သူ။ အရမ်းကြီးလည်း ရှုပ်ပွမနေသလို အရမ်းကြီးလည်း သပ်ရပ်နေတာမျိုး မဟုတ်။

"ညနေစာစားရအောင် နွေရိပ် ..."

အားလုံးပြီးသွားတော့ ဝသန်လင်းက သူ့ကို လာခေါ်လေသည်။ နှစ်ယောက်သား ညနေစာ ထမင်းစားရန် ထမင်းစားခန်းထဲက စားပွဲမှာ ထိုင်လိုက်ကြသည်။ စားပွဲပေါ်မှာ ဖွယ်ဖွယ်ရာရာ စုံလင်လှသော ဟင်းခွက်က လေးငါးမျိုးလောက် ရှိနေခဲ့သည်။

"ကျွန်တော့်ကို ဘာလို့ ရုတ်တရက်ကြီး ညနေစာ ချက်ကြွေးရတာလဲ ဝသန် ..."

"ကျွန်တော်တို့ အတည်တကျ တွဲဖြစ်ကြတဲ့အခါ ...ဒီလိုလေး အိမ်အလည်ခေါ်ပြီး ...ညနေစာ ချက်ကြွေးချင်တဲ့ ဆန္ဒ ကျွန်တော့်မှာရှိခဲ့ဖူးတယ် ...အခုတော့ နောက်ဆို ဒါတွေက လုပ်လို့ မရနိုင်တော့ဘူးလေ ...ကျွန်တော့်ဆန္ဒကို တစ်ခါလောက်တော့ ဖြည့်ဆည်းချင်မိလို့ပါ ..."

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now