18_Z

16.3K 724 56
                                    

အခန်း_(၁၈)
"ငါမင်းကို ခွင့်ပြုတယ် ..."




တစ်စုံတစ်ယောက်ရဲ့ နားလည်ပေးခြင်း၊ ယုံကြည်ပေးခြင်း‌တွေကိုသာ လက်ခံရရှိခဲ့မယ်ဆိုရင် သင်က သိပ်ကို ကံကောင်းလွန်းတဲ့သူပါပဲ။ အဲဒီလူက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ဒါမှမဟုတ် ချစ်သူ၊  ဘယ်သူ တစ်ဦး တစ်ယောက်ပဲဖြစ်ဖြစ်ပါ။ တစ်လောကလုံးက လူတွေသာ မယုံကြည်ချင်နေပါ။ ကိုယ်ချစ်ရတဲ့သူ တစ်ယောက်တည်းကပဲ ယုံကြည်ပေးရင် ရပါပြီ ဆိုတာလိုမျိုး။

နွေရိပ်ဆိုသော သူသည်လည်း ဒီလိုပါပဲ။
အချစ်ကို မယုံကြည်နိုင်တဲ့ ဧသာန့်ကို နားလည်ကြည့်‌ပေးလို့ ရနိုင်ပေမဲ့ သူ့ကို မယုံကြည်နိုင်ခဲ့တဲ့ ဧသာန့်ကိုတော့ သူနားလည် မပေးနိုင်ပေ။
သူတို့ရဲ့ သူငယ်ချင်း သံယောဇဉ် နှစ်သက်တမ်းဟာ မနေ့တစ်နေ့က မဟုတ်ခဲ့။ လက်ဆယ်ချောင်း ပြည့်တော့မည့် နှစ်အရေအတွက်တစ်ခု။

အချစ်ကို အယုံအကြည်မရှိသူ တစ်ယောက်အား ကိုယ်ဘယ်လောက် ချစ်မြတ်နိုးနေပါကြောင်း ကိုယ့်အချစ်က စစ်မှန်ပါကြောင်း ကိုယ်တိုင်သက်သေတည်၍ ဒူးထောက်ငိုယိုကာ မပြောပြချင်တော့ပါ။ အနားမှာ နှစ်ပေါင်းများစွာ အတူ ရှိနေပေးခဲ့ပြီး မိမိကိုယ်ခန္ဓာကိုပါ ပုံအပ်ပေးခဲ့ဖူးသည်။

ဒီလောက်ဆို သူ့အချစ်က စစ်မှန်ကြောင်း စကားတွေနဲ့ ပြောပြရန် ထပ်မံ လိုအပ်နေသေးလို့လား။ စစ်မှန်ပါကြောင်း ဘယ်အတိုင်းအတာ အထိ သက်သေထူပြမှ ယုံကြည်နိုင်မှာတဲ့လဲ။

အနည်းဆုံးတော့ ဧသာန်က အချစ်ဆိုတဲ့ အရာကို မဟုတ်ဘဲ နွေရိပ်ဆိုတဲ့ သူ့အား ယုံကြည်ပေးနိုင်မှာပဲဟု ထင်ခဲ့မိပါ၏။ အခုတော့ ဒါက မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်း နားလည် သဘောပေါက်လိုက်ရပြီလေပြီ။

ဝသန်လင်းကို နွေရိပ် အကြောင်းပြန်ဖြစ်ခဲ့သည်။ ဖုန်းထဲကနေ ဝသန်လင်းရဲ့ ဝမ်းသာပျော်ရွှင်မှုကို စကားသံတွေကနေ တစ်ဆင့် နွေရိပ် ခံစားမိခဲ့ရသည်။ Wednesday ဆို A+ Cafeက ပိတ်တတ်၏။ တစ်ပတ်ကို တစ်ခါ Dateလုပ်ကြရန် သူတို့နှစ်ယောက် အတည်ပြုခဲ့ကြသည်။

ဒီလို ချိန်းတွေ့ခြင်းက သူ့ကိုယ်သူ စမ်းစစ်ကြည့်သော စမ်းသပ်မှု တစ်ခုပင်။ သူ တကယ်ပဲ ဧသာန်ကလွဲရင် မဖြစ်တော့ဘူးလားဆိုသော သေချာမှုတစ်ခုကို သိချင်ရုံလေးပါပဲ။ ပြီးတော့ နည်းနည်းလောက်ဖြစ်ဖြစ် အချစ်ခံကြည့်ချင်မိတာလည်း ပါပါ၏။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now