27_U (Ending)

66.1K 4.1K 597
                                    

အခန်း_(၂၇) Ending
"အချစ်၏ ခေါင်းစဉ်အောက်သို့ ရောက်ရှိသွားခြင်း ..."



"အစ်ကို နွေရိပ် ..."

ကော်ဖီစေ့တွေ စစ်နေသည့် နွေရိပ်အနားသို့ သူ့ဆိုင်မှ ဝန်ထမ်းကောင်‌ေလးက ရောက်လာခဲ့လေသည်။

"ဟေ ဘာလဲ ..."

"အစ်ကို ထားခဲ့တဲ့ သောက်လက်စ ကော်ဖီက အေးနေပြီ ...ကျွန်တော် ပြန်နွှေးပေးထားရမလား ..."

"ဟင့်အင်း မလုပ်နဲ့ ...ကော်ဖီဆိုတာ ပြန်နွှေးသောက်ရင် အရသာက ကွဲပြားသွားတတ်တယ် ..."

"ဗျာ ...အေးသွားရင် ပြန်နွှေးတာက ပိုကောင်းတာ မဟုတ်ဘူးလား အစ်ကို ..."

"မဟုတ်ဘူး ...ကော်ဖီထဲမှာ ပါဝင်တဲ့ ကွန်ပေါင်းတွေက ကြိုချက်ပြီး မကြာခင်မှာ ပြိုကွဲသွားတယ်... ကော်ဖီကို အချိန်အကြာကြီး အပူပေးလေလေ ...အရသာက ပိုခါးလေ‌ေလပဲ ...အကောင်းဆုံး အရသာကို ခံစားချင်ရင် ပြန်နွှေးသောက်တာကို ရှောင်ရမယ် ...မင်း လည်း မှတ်ထား ...အေးသွားလို့ မသောက်ချင်တော့ရင် သွန်သာပစ်လိုက် ...ဒါမှမဟုတ် အသစ်ထပ်ဖျော်သောက် ...ထပ်ခါ ထပ်ခါတော့ နွှေးမသောက်နဲ့ ...အရသာပျက်တယ် ..."

"ဟုတ်ကဲ့ အစ်ကို ...ဒါဆိုရင် ကျွန်တော် အသစ်ထပ်ဖျော်ထားပေးရမလားဟင် ..."

"ဟင့်အင်း နေပါစေ ...ငါလည်း အလုပ်များနေတော့ အေးအေးဆေးဆေး ထိုင်သောက်ချိန်လည်း မရှိပါဘူးကွာ ...အသစ်ဖျော်ထားပြီး ထပ်အေးသွားပါဦးမယ် ..."

"ဟုတ် အစ်ကို ..."

ဝန်ထမ်းကောင်လေးက ပြန်ထွက်သွားမလို လုပ်နေပြီးမှ ပြန်လှည့်လာခဲ့ကာ ...

"အစ်ကို ...စောစောကလေ Studio Aက staffတွေ တွေ့လိုက်သေးတယ်သိလား ..."

ဒီအပတ်ထဲမှာ မောင်အံ့တို့ ရောက်ရောက် လာတတ်သေး၏။ အရင်‌ ကြော်ငြာတစ်ခုမှ ဓာတ်ပုံတွေကို ကူး‌ေပးစရာလေးတွေ ရှိနေလို့ဟုတော့ ‌နွေရိပ်ကို ပြောသွားလေသည်။ သုံးလေးရက်ဆက်တိုက် မောင်အံ့နဲ့ တခြားဝန်ထမ်းလေးတွေ ရောက်လာတတ်တာကို နွေရိပ် သတိထားမိပါ၏။

"သူတို့ အလုပ်တွေ ပြန်စနေကြတာလား မသိဘူး ... Photo frame တွေ sizeမျိုးစုံပဲ အပေါ်ကနေ သယ်ချလာပြီး ကားအကြီးပေါ် တင်နေကြတာ ..."

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now