25_U

48.4K 3.8K 493
                                    

အခန်း_(၂၅)
"တစ်နေ့နေ့မှာတော့ ..."


ဧသာန်ဆိုတဲ့ သူက နွေရိပ်နဲ့ ပတ်သက်လာရင် နှမြောတွန့်တိုစိတ် သိပ်ကြီး၏။ နွေရိပ်အား မိန်းကလေးတွေနဲ့ တရင်တနှီးနေတာမျိုး သူလုံးဝ မကြိုက်ပါ။

ဧသာန်နဲ့ ဝေးနေသည့် အချိန်တွေမှာ လေညင်းဖြူ‌ဆိုသော ‌မိန်းကလေးတစ်ယောက်နဲ့ နွေရိပ် ခင်မင်နေခဲ့သည်။ ဟောင်ကောင်မှာ ရှိနေချိန်တွင် လေညင်းဖြူ အကြောင်း တချို့တလေအား နွေရိပ်ပြောပြ၍ သူကြားမိခဲ့ရသည်။ တကယ်ကို တချို့တလေပါပဲ။ Author Reader ဆက်ဆံရေးတစ်ခုလိုပဲ နွေရိပ်က သူ့ကို သတင်းပို့ခဲ့တာဖြစ်သည်။

နွေရိပ်ကလည်း သူ့အကြောင်း သိလို့ပဲလား ဘာကြောင့်ရယ်မသိ လေညင်းဖြူအကြောင်းကို ထွေထွေထူးထူး ခဏခဏ ထုတ်မပြောဘဲ နေသည်။ ဒါပေမဲ့ သူပြန်ရောက်လာပြီးနောက် သိလိုက်ရသည်က ထိုနှစ်ယောက်ရဲ့ ဆက်ဆံရေးသည် သူထင်ထားသည်ထက် ပိုကဲနေကြသည်။

အတော်လေး ရင်းနှီးခင်မင်နေကြသည်။ သူ(မ)က နွေရိပ်ဆီကိုလည်း မကြာခဏ လာတတ်သည်။ သူတို့နှစ်ယောက် ဖက်လှဲတကင်း ပြုမူနေထိုင်ပုံတွေက သူ့ရဲ့ သဝန်တိုစိတ်ကို တိုးလာစေခဲ့သည်။

ဒီဲီကြားထဲ ကော်ဖီဆိုင်မှ ဝန်ထမ်းမိန်းကလေး တစ်ယောက်ကလည်း နွေရိပ်ကို အလွန်အမင်း ရောနေပြန်သည်။ သူမကြိုက်ပါ။
သူ(မ)သည်လည်း ဧသာန့်မျက်စိထဲကို ကန့်လန့်ဝင်လာခဲ့‌ေလသည်။ ဝန်ထမ်းကောင်မလေးကို အလုပ်ထုတ်ပစ်လိုက်ပြီး လေညင်းဖြူနဲ့ မပတ်သက်ဖို့ ပြောတော့ နွေရိပ်က သူ့ကို စိတ်ဆိုးပြန်လေသည်။

သူနဲ့ပတ်သက်သည့် မိန်းကလေးတွေကို ဘာကြောင့် အမြင်မကြည်သလဲဟု နွေရိပ်က မေးခွန်းထုတ်လာခဲ့သည်။ သူအမှန်အတိုင်း မဖြေချင်ခဲ့ပါ။

"ငါ့သူငယ်ချင်းက တခြားတစ်ယောက်ကို ပိုခင်နေတာမျိုး မလိုချင်တာ ..."

ဒါက သူ့ရဲ့ ဆင်ခြေပါပဲ။
‌အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နွေရိပ်နဲ့သူ စကားများကြသည်။ နွေရိပ် အရှေ့ကို သူမသွားမိအောင် နေလိုက်ရ၏။ သူမကြိုက်ဘူး ဆိုတာကို နွေရိပ်ကိုလည်း သိစေချင်တာမို့။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now