အခန်း_(၉)
" ထင်မှတ်မထားသော ခွဲခွာခြင်း "ဝေးကွာခြင်းတွေ ရောက်ရှိမလာခင်မှာ ကြိုတင် အချက်ပြခြင်းတှေလညျး မရှိခဲ့ပါ။ ဧသာန်က ဒီလိုလူပါပဲ။ ဘယ်သောအခါမှ ခန့်မှန်းကြည့်လို့ မရနိုင်သည့် လူစားမျိုး။ တစ်အိမ်တည်းနေပြီး အချိန်တိုင်းနီးပါး အနားမှာ ရှိနေတဲ့ နွရေိပ်ကိုတောင် လှည့်စားနိုင်သောသူ။
ဧသာန်ရဲ့ တားမြစ်မှုကြောင့် အချိန်ပိုင်း အလုပ်တွေ အများကြီးကို နွရေိပ် မလုပ်ဖြစ်တော့ဘဲ အသုံးစရိတ်အတွက်သာ တစ်ခုလောက်တော့ လုပ်ရန် ဆုံးဖြတ်လိုက်ရသည်။ ဧသာန်ကလည်း အပင်ပန်း မခံရင် ရပြီဆိုသော အချက်နဲ့ နွရေိပ်ကို ခွင့်ပြုခဲ့သည်။
အချိန်ပိုင်း အလုပ်တစ်ခုမှာ နွရေိပ် အလုပ် လုပ်နေတဲ့အချိန်။ သူ့အစ်မ လင်းလဲ့ရိပ်ဆီမှ ဖုန်းဝင်လာခဲ့သည်။ ဖုန်းထဲက လင်းလဲ့ရိပ် အသံက ပျော်ရွှင်နေကြောင်း သိသာနေလေရဲ့။
"နွရေိပ် ...ငါ့မောင်လေး ...နင်အိမ်ကို ပြန်လာလို့ ရပြီတဲ့ ...သိလား ..."
"ဗျာ ..."
"အဖေက နင့်ကို အိမ်ပြန်ခေါ်တော့မယ်တဲ့ ..."
မျှော်လင့်မထားတဲ့ အချိန်မှာ ကြားလိုက်ရသော စကားမို့ နွရေိပ်လည်း ဝမ်းသာသွားမိသည်။ သူဘယ်လိုပဲ ဧသာန့်အနားမှာ နေရတာ အဆင်ပြေပါတယ်ပြောပြော၊ မိသားစုကိုတော့ လွမ်းပါ၏။
"အမေနဲ့ အစ်မ နားချတာ အောင်မြင်သွားပြီပေါ့ ..."
"ငါတို့ မဟုတ်ပါဘူး ...နင့်သူငယ်ချင်းကြီး ဧသာန်က အဖေ့ကို စည်းရုံးလိုက်တာ ..."
"ဗျာ ...ဘယ်လို ...ဧသာန်က ..."
"ဟုတ်တယ် ...သူငါတို့အိမ်ကို ရောက်လာတယ် ...အဖေ့ကို ပြောစရာရှိတယ်ဆိုပြီး ရောက်လာတာ ...ပြီးတော့ အဖေနဲ့သူနဲ့ ခြံထဲမှာ စကားသွားပြောတယ် ...အမေလည်း ပါတယ် ..."
"သူဘာတွေ လာပြောသွားတာလဲ ...သူအခု ဘယ်မှာလဲ ...ကျွန်တော်တို့ အိမ်မှာလား ..."
"မရှိတော့ဘူး ပြန်သွားပြီလေ ...သူနင့်ကို ဘာမှ ကြိုမပြောပြထားဘူးပေါ့ ဟုတ်လား ..."
"ကျွန်တော် ဘာမှ မသိဘူး ...အိမ်ကို သွားမယ့်အကြောင်းလည်း မပြောဘူး ..."
YOU ARE READING
အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသော
Romanceချစ်တယ်ဆိုတဲ့ စကားလုံးက တချို့လူတွေအတွက်တော့ မလိုအပ်ဘူး။ ဒီဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ။ အချစ်ကို လုံးဝမယုံကြည်နိုင်သူ တစ်ယောက်နဲ့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး တစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးပါ။ (Started On _ 27/June/2021) ခ်စ္တယ္ဆိုတဲ့ စကားလံုးက တခ်ိ...