ချစ်ဝိုင်းခေါ်ရင် နှစ်ခါမခေါ်ရပါသောအမောင်မင်းမြတ်။

"ဝိုင်းချစ် မင်းအရင်သယ်ခဲ့၊လမ်းတစ်ဝက်ကျရင်ငါသယ်မယ်"

"အေး"

"ငါ့မြေးတို့ ထမင်းသွားပို့ကြတော့မလို့လား"

အိမ်သာမှပြန်လာသောဖွားခင်က ချစ်ဝိုင်းတို့ကိုကြည့်ကာ
မေးလာသည်။

"ဟုတ်ကဲ့ ဖွားခင်၊ကိုကြီးမင်းမြတ်ရောလိုက်မှာတဲ့"

"အေး..အေး၊အောက်လည်းကြည့်သွားကြဦးနော်"

"ဟုတ်ကဲ့၊သွားပြီနော်"

<<<<<<<<>>>>>>>>>>>>>>>>>>>

"လမ်းတွေကလဲ မိုးရွှာရင်နည်းနည်းလေးမှမကောင်းဘူး၊
သွားရလာရအဆင်မပြေတာတွေ"

လမ်းသွားရင်းပွစိပွစိပြောနေသော အကောင်ပေါက်ကိုမကြည့်အားပါဘူး။ရှေ့ကဗွက်တွေကိုကျော်ဖြတ်ဖို့သာ ခုအရေးကြီးပါသည်။

ခြင်းဆွဲထားရတဲ့သူက ဘာမှမပြောရဘူး။လက်ဗလာနဲ့သွားနေရတဲ့ချစ်ဝိုင်းရဲ့ဗျစ်တောက်ဗျစ်တောက်သံတွေကိုကြားပြီး ဝိုင်းချစ်မှာနားအူလှပါပြီ။

"ဘွတ်ဖိနပ်လေးစီးခဲ့ရင်အကောင်းသား၊ခုတော့
ခြေထောက်ကရွံ့တွေချည်းပဲနေပြီ"

မင်းမြတ်ရှေ့မှအကောင်ပေါက်ကိုကြည့်လိုက်တော့တကယ်ပင်ခြေထောက်က ရွံ့တွေချည်းပဲနေပြီ။ကိုယ်တောင် အကောင်ပေါက်လောက်ရွံ့မစင်ဘူး။ဒီကလေးဘယ်လိုသွားလဲမှမသိတာကို။

"သကြားသီးနှစ်လုံး ဘယ်သွားကြမလို့လဲ"

အနောက်မှအသံကြားလို့လှည့်ကြည့်လိုက်တော့ ဦးကြီးမောင်ဦးလေ နွားလှည်းကြီးမောင်းလာတာ။လမ်းအပေါ်စိတ်ရောက်နေတာနဲ့ကိုအသံမကြားလိုက်ဘူး။

"တောထဲထမင်းသွားပို့မလို့၊ ဦးကြီးမောင်ဦးရော တောထဲသွားမလို့လား"

"အေး၊မင်းတို့က ဘယ်ဆီသွားပို့ရမှာမို့လဲ"

"ကိုင်းကြီးဖျားဘက်လေ"

"ငါလည်းအဲ့သွားမှာ၊လိုက်ခဲ့ကြလေ"

ဒါမျိုးဆို အမြွှာနှစ်ယောက်ကသိပ်သိပ်ပျော်။
ခြေထောက်မညောင်း ရွံ့မစင်တဲ့လမ်းကိုရွေးမှာပေါ့။

MY VILLAGER (COMPLETED) Wo Geschichten leben. Entdecke jetzt