"ဂေရှောင်း ဘာလာလုပ်တာလဲ"

ရေချိုးခြံမှထွက်ကာ ချစ်ဝိုင်းလှမ်းမေးလိုက်သည်။ဂေရှောင်းက ဘေးအိမ်ကမကြီးမြရဲ့သား။မွေးတုန်းက ခေါင်းရှည်ရှည်လေးမို့ ဂေရှောင်းလို့ခေါ်တာ။

"ငါခေါ်ထားတာ၊အိမ်အနောက်ကမာလကာပင်မှာ အသီးတွေပွနေလို့ စားချင်လာကောက်လို့မနက်ကပြောလိုက်တာ"

ခရုတွေအားအိုးထဲလှောင်ပြီး မီးဖိုချောင်အပြင်ဘက်ထွက်လာသော မမဝိုင်းမှလှမ်းအော်လိုက်သည်။

"မမဝိုင်းက ကျွန်တော်တို့ကိုကျတော့ မပြောဘူး"

"မကြီးဝိုင်းက ကိုကြီးချစ်ဝိုင်းတို့ထက် ကျွန်တော့်ကိုပိုချစ်လို့တဲ့"

"ငါတို့ကိုပိုချစ်တာနော့ ဝိုင်းချစ်"

လှေကားမှာထိုင်နေသောဝိုင်းချစ်အား အဖော်စပ်လိုက်ပါသော ချစ်ဝိုင်း။

"သားကိုပိုချစ်တာနော့ မကြီးဝိုင်း"

"ငါတို့ကိုပိုချစ်တာ"

ကလေးနဲ့အပြိုင်စကားနိုင်လုနေပါသော အကောင်ပေါက်အားကြည့်ပြီး မင်း​မြတ်မှာအူယားလို့မဆုံး။

"ငါမနက်က အိမ်နောက်ဘက်ဖရုံညွှန့်သွားချိုးရင်းမြင်ခဲ့တာဟေ့၊နင်တို့မှ မနက်ကမရှိတာ"

ချစ်ဝိုင်းနဲ့ဝိုင်းချစ်တစ်ယောက်နဲ့တစ်ယောက်မျက်စပြစ်ရင်း အိမ်အနောက်သို့ပြေးလေသည်။

"ကိုကြီးချစ်ဝိုင်း မညစ်နဲ့နော်"

ဟုအော်ကာ သကြားသီးနှစ်လုံးနောက်ပြေးလိုက်သွားပါသော ဂေရှောင်း။မင်းမြတ်မှာတော့ ကလေးတွေအားကြည့်ရင်း သဘောကျလို့မဆုံး။

"အဲ့လိုပဲ ကိုမင်းမြတ်ရေ၊ကလေးဆိုပြီးလည်း ဘယ်တော့မှအလျှော့မပေးဘူး"

"သူတို့လေးတွေလည်း ငယ်ပါသေးတယ်၊ဒီအရွယ် ဆိုးချင်ရှာဦးမှာပေါ့၊ဒါနဲ့ ဦးလေးတို့ရော"

"ရွာထဲသွားတယ်၊အဖွားတို့ရောပါသွားတာ ကိုမင်းမြတ်"

မင်းမြတ် ခေါင်းငြိမ့်ပြလိုက်ကာ

"ကျွန်တော်လုပ်စရာရှိသေးလို့ အပေါ်ခနတက်လိုက်ဦးမယ်နော်"

MY VILLAGER (COMPLETED) Where stories live. Discover now