"ဖိုးသားပြောတာမဟုတ်လို့လား"

သကြားသီးနှစ်လုံးရဲ့အကြည့်က ကျော်ဦးဆီသို့ ကူးပြောင်းသွားပါပြီ။

"တော်ပြီ မစားတော့ဘူး"

ချစ်ဝိုင်းမှ ပါးစပ်ထဲအကုန်သွင်းထားတာတွေ မျိုချလိုက်ပြီး ပြောလိုက်တယ်။
"ဘာလဲ၊ငါတို့က စတာပါကွ"

လို့ပြောပြီး စားပွဲပေါ်ကြည့်လိုက်တော့ ခုနကထပ်ယူထားတဲ့ အကြော်နှစ်ပွဲက ဟာလာဟင်းလင်း။ဖိုးသားနှင့်ကျော်ဦး 'အော်'လို့သာ ပြောနိုင်တော့တယ်။

သကြားသီးနှစ်လုံးကတော့ အနည်းငယ်စူချင်နေတဲ့သူတို့ဗိုက်လေးတွေပွတ်ရင်း တဟဲဟဲနဲ့။

"ဒါနဲ့ ကိုကြီးဖိုးသားက ပေါက်ပြားကြီးနဲ့ဘယ်သွားမလို့တုန်း"

"လယ်ကွက်ထဲ ရေသွားသွင်းမလို့"

"မနက်က မိုးရွှာထားတာကို ရေသွင်းရဦးမှာလား"

"မိုးရွှာတာက သည်းတာဆိုတော့လေ၊သကြားမင်းသေးပေါက်သလောက်ရှိတာ"

ချစ်ဝိုင်းမှ ပန်းကန်ထဲမှအကြွင်းအကျန်အကြော်ဖတ်လေးတွေစားနေသော ကျော်ဦးအားကြည့်ရင်း

"ကိုကြီးကျော်ဦးကရော ဒါပြီးဘယ်သွားမှာတုန်းဗျ"

"ငါလား၊မနက်ပိုင်းအားတယ်လေ၊ဆယ်ခွဲလောက်မှ နွားလွှတ်ကျောင်းရမှာ"

ချစ်ဝိုင်းနဲ့ဝိုင်းချစ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း

"ကျွန်တော်တို့လည်း လိုက်ချင်တယ်"

ကျော်ဦးမှ သကြားသီးနှစ်လုံးအား မျက်ခုံးတစ်ချက်ပင့်ကြည့်ကာ 'ဘာလိုက်ရှုပ်မလို့လဲ"ဟူသော အကြည့်ဖြင့်ကြည့်လိုက်တော့ နှစ်ယောက်သား စပ်ဖြဲဖြဲနဲ့

"ရွာထဲပျင်းလို့"

"ဆယ်ခွဲမှသွားမှာနော်"

"ဟုတ်၊ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းသွားဦးမှာရယ်၊ဆယ်ထိုးရင် ကိုကြီးကျော်ဦးတို့အိမ်လာခဲ့လိုက်မယ်လေ"

"အေးပါ..အေးပါ"

ကျော်ဦးနဲ့ဖိုးသားမှာတော့ ခေါင်းသာယမ်းမိသည်။

MY VILLAGER (COMPLETED) Where stories live. Discover now