Chapter (3.1)Unicode/Zawgyi

2.1K 270 5
                                    

ထမင်းစားပြီးနောက် Sheng XiFan သည်အိပ်ရာစောစောဝင်ဖို့ ကြိုတင်စီစဥ်ထားခဲ့ပြီးထိုစိတ်ပျက်စရာ မှတ်ဉာဏ်တွေကိုဘေးဖယ်
လိုက်ကာ အိပ်လိုက်ချင်တော့သည်။ သို့သော်လည်း အလုပ်သမား​ခေါင်းဆောင်
က လမ်းတစ်လျှောက်ပြေးလာကာ သူမအားလာရှာလေသည်။ " မန်နေဂျာSheng ရေ တစ်ခုခုတော့ဖြစ်နေပြီ "

သူမ ရုတ်တရက် ထခုန်မိမတတ် လန့်ဖြန့်သွားကာ တော်တော်ကြာကြာကြည့်နေလိုက်ပြီး
"ဘာဖြစ်လို့လဲ??"

" ဧရိယာ(C)ထဲက ဗီလာနံပါတ်(7)ရဲ့ ဧည့်သည်က အခန်းဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ကွန်ပလိန်းတက်နေလို့ "

သူမရဲ့ နားထင်တွေဟာတစ်ဖန်ပြန်ပြီးနာကျင်လာသလို စပြီးခံစားလာရသည်။ " ဧရိယာ(C) ကNo(7) ၊ ဧရိယာ(C) ကNo(7) က Ling....ဟုတ်လို့လား "

အလုပ်သမားခေါင်းဆောင်က ခေါင်းငြိမ့်ပြလေသည်။

" သွားကြည့်ရအောင် "

ဆောင်းတွင်းညအချိန်သည် တော်တော်လေးအေးနေကာ Sheng XiFan သည် ပုံမှန်ဝတ်စုံလေးသာ ဝတ်ဆင်ထားသည်။ အထည်ပါးပါးလေးများက အအေးဒဏ်ကိုမခံနိုင်ပေ။
ဧရိယာ(C)ပတ်လည်တွင် ရေများဖြင့်ဝန်းရံထားပြီး လေပြင်းကာအေးလေသည်။ သူမအေးသောကြောင့် ခဏခဏပင် နှာချေမိသည်။

ဗီလာ No(7)မှ တံခါးဖွင့်ထားသည်အားမြင်လိုက်ရပြီး Ling YuFan ကတံခါးအားမှီလျက်ရပ်နေကာ သူ့အကျီအား ကြယ်သီးတစ်လုံးသာ တပ်ထားလေသည်။မျက်မှန် ကို​ကစား​​နေကာ ယောင်ယောင်လေးပြုံးနေလျက် ဘေးနားတွင်ရပ်နေသော waiterမလေးသည် ဆံပင်များကရှုပ်ပွနေလျက် ပခုံးများလည်း လှုပ်နေလေသည်။အနီးကပ်ကြည့်လိုက်သည့်အခါ သူမ၏မျက်နှာသည် မျက်ရည်များစီးကျနေလျက် မိတ်ကပ်များလည်းပျက်နေပြီဖြစ်သည်။

သူမ ဘာဖြစ်နေလဲဆိုတာကို အကြမ်းဖျင်းနားလည်ပေမဲ့ ထိုသခင်ငယ်လေးရှေ့တွင် အရူးကွက်နင်းကာ မသိသလိုဟန်ဆောင်လိုက်သည်။သူမ သတိရှိစွာ မေးလိုက်ပြီး
" မဂ်လာပါ မစ္စတာ Ling အခန်းဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘာများစိတ်မကျေမနပ် ဖြစ်လို့လဲရှင့် "

Ling YuFan သည် Sheng XiFan အားစောင်းကြည့်လျက် ဖြေးဖြေးချင်းပြောလာလေသည်။ "မင်းတို့ရဲ့ ဝန်ဆောင်မှုက မျှော်မှန်းထားတာထက်တောင် ပိုကောင်းနေပါတယ် ဒါပေမဲ့ ဧည့်သည်တွေနဲ့အတူ အိပ်ပေးတဲ့အထိတော့ မတွေးလိုက်မိဘူး "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें