Chapter (11)Unicode

1.5K 202 2
                                    

အိပ်ရာမှာ အလွန်အိစက်ညက်ညောပြီး အိပ်ရာခင်းဆီမှ လီမွန်ရနံ့ခပ်သင်းသင်းလေးရနေသည်။Sheng XiFan ထိုပြုတ်ရည်ကြောင့် အငွေ့များထွက်လာပြီး ပျောက်သွားတော့မလိုပင်။သူမ၏ခန္တာကိုယ်မှ ချွေးပေါက်များသည် ထိုတခဏလေးအတွင်းမှာ ပွင့်ထွက်သွားသလိုမျိုးခံစားလိုက်ရသည်။

He SuYe အားခွက်လှမ်းပေးမည်အပြု
သူက ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေသည်ကို သူမမြင်လိုက်သည်။
" ဘာဖြစ်လို့လဲ? "

He SuYe သည်အကြည့်များကို ပြန်ရုတ်လိုက်ပြီး
သူ၏မျက်လုံးများအား ရွေ့လျားစေလိုက်သည်။
" အပြင်မှာ နေထွက်လာပြီ "

ဟုတ်ပေသည်။မိုးလည်းရပ်သွားပြီးဖြစ်သဖြင့် ဆောင်း၏နေသည်  မိုင်ထောင်ပေါင်းများစွာမှ ထိုးဖောက်လျက် မှန်ပြတင်းပေါက်ဆီသို့ ဖြတ်သန်းလာပြီး သူ၏လားရာအတိုင်း တောက်ပနေကာ He SuYe၏ ပတ်ပတ်လည်တွင်
ကလူကျီဆယ်နေသကဲ့သို့ ပင် နွေးထွေးသည့်အလင်းရောင်ဖြင့်လွမ်းခြုံထားတော့သည်။

Shen XiFanမှာ အကြည့်များလွှဲပစ်ဖို့ရန် မစွမ်းသာတော့ချေ။

သူက ခွက်ကိုယူလိုက်ပြီး Shen XiFan အားတစိုက်မတ်မတ်ကြည့်လိုက်သည်။စဥ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ဘဲ စိတ်ကိုညှို့ယူလိုက်သည့်အလား သူသည် မရည်ရွယ်ပါဘဲနှင့် သူမ၏နှဖူးပေါ်သို့ လက်လှမ်းလိုက်လေ
သည်။ထို့နောက်တွင် သူမ၏မျက်နှာတစ်လျှောက် သူ၏လက်ဖဝါးဖြင့် ထိကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
" ခဏလောက် အိပ်လိုက်ဦး လာနှိုးလိုက်မယ် "

သူမသည် ပြန်ကောင်းလာရုံလေးသာရှိသေးသဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။He SuYe ကထရပ်လိုက်ပြီး တံခါးအားညင်သာစွာပိတ်ခဲ့သည်။

အခန်းသည် အရမ်းကိုတိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏နှလုံးခုန်သံကိုတောင်ပြန်ကြားနိုင်လေသည်။

နေ့လည်ရောက်သည့်အခါ သူသည် တံခါးအားဖွင့်လိုက်ပြီး အိပ်ရာထပြီးအစားစားရန်မေးမည်အပြု သူမသည် မနိုးသေးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ။

ကလေးလေးကဲ့သို့အိပ်ပျော်နေသည့်သူမ၏မျက်နှာအမူအရာလေးမှာ ကျေကျေနပ်နပ်ဖြင့် အေးချမ်းပေသည်။နက်မှောင်နေသည့်ဆံနွယ်များမှာ ခေါင်းအုံးထက် ဖြန့်ကျဲနေလျက်
စမတ်ကျခြင်းနှင့် စွမ်းဆောင်ရည်ရှိခြင်းတို့အားလုံး ကွယ်ပျောက်သွားသည့် ထိုအချိန်လေးတွင် သူမသည်မပြင်မဆင်ပုံစံလေးနှင့်ပင် အလွန်ကြည့်ကောင်းနေခဲ့သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now