Chapter (6.3)Unicode

1.5K 211 2
                                    

Feng Ke Xin သည် Li Jieအားစောင်းကြည့်လိုက်ပြီး
" ကိုယ့်အစားကိုသာ ကုန်အောင်စားစမ်းပါ နင့်မှာပြောစရာမရှိဘူးဆိုရင်လည်း ပြောဖို့စကားကို လိုက်ရှာမနေနဲ့ "

He SuYe ရယ်လိုက်ကာ " ကြည့်ရတာ ဒါကို လုပ်မစားဖြစ်တာ တော်တော်ကြာပြီထင်တယ် Zheng Yiling ထွက်သွားတဲ့အချိန်တည်းကဆိုတော့ တစ်နှစ်ကျော်နေပြီပေါ့ ဟုတ်တယ်မလား "

Feng Ke Xin တအံ့တသြဖြစ်နေမိသည်။ဒါက ဒီနှစ်နှစ်အတွင်းမှာ He SuYe သည် Zheng Yiling အကြောင်း ပြောသည့်ပထမဆုံးအကြိမ်ပင်။သူမ အမြဲတမ်းထင်နေတာက He SuYe သည် ဒီအကြောင်းကို ပြန်အစမဖော်ချင်သူ ဟုသာ။စိတ်ဒဏ်ရာများကို သူ့နှလုံးသားထဲရှိ လွယ်လွယ် ထုတ်ဖော်၍မရနိုင်မည့် အနက်ရှိုင်းဆုံးနေရာတွင်မြှုပ်နှံထားခဲ့သည်။ယခုအခါတွင် သူက ဤကိစ္စအား ရာသီဥတုအကြောင်း ဆွေးနွေးနေသကဲ့သို့ ပုံမှန်အတိုင်းပေါ့ပေါ့ပါးပါးသာ ရှိနေသည့်ပုံစံကို သူမ မျှော်လင့်မထားမိချေ။

Kexin ပြန်လည်တုံ့ပြန်ရန် အချိန်တော်တော်ယူလိုက်ရသည်။ " စီနီယာ အကို အခု စီနီယာအမပေါ် သဘောထားက... "

" ဒါက နှစ်နှစ်တောင်ကြာခဲ့ပြီလေ "
He SuYe ပြုံးနေသည် " ကိုယ့်ကိုကိုယ် ဘာကြောင့်များခက်ခဲအောင် လုပ်နေဦးမှာလဲ ဒါက သူ့ရဲ့ရွေးချယ်မှုဆိုတော့ သူ့ကိုလေးစားရမယ် သူကတောင် ပြတ်ပြတ်သားသားနဲ့ အဝေးကိုထွက်သွားခဲ့ပြီဘဲ သူ့ကိုလွမ်းနေရင်တောင် ပြန်မရနိုင်တော့ဘူးလေ ဒါ့ကြောင့် ဒါတွေအားလုံးက အတိတ်မှာဘဲကျန်ခဲ့ပြီ "

He SuYe ၏ မျက်လုံးများမှာ ကြည်လင်ပြီးတည်ငြိမ်လျက်ရှိသည်။ဝမ်းနည်းမှု မရှိသလို၊ ပူဆွေးသောကလည်းရောက်မနေ ၊လွန်ခဲ့သည့်နှစ်နှစ်က မိုးရွာသည့်ည နှင့် တော်တော်လေးကွာခြားသွားခဲ့လေပြီ။

သူက တကယ်သွားခွင့်ပေးခဲ့ပြီးတော့ ခွဲခွာကြရန်လိုလိုလားလား လက်ခံပေးခဲ့သည်။ဒီကမ္ဘာကြီးတွင် အတိတ်တွင်ပိတ်မိနေသည့် သူများကဲ့သို့ သူကိုယ်တိုင်သည်လည်း လွှတ်ချပေးလိုက်
နိုင်မည့်အချိန်ကို မသိရပေ။သူသာ သွားခွင့်မပေးခဲ့လျှင် ယခုအခါတွင်သူဘယ်လောက်တောင် ပျော်ရွှင်နေရလိမ့်မည်နည်း။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now