Chapter (4.2)Unicode/Zawgyi

1.8K 290 4
                                    

ဇုန် နံပါတ်(C) အပြင်ဘက်သို့ရောက်သော် Sheng XiFan တစ်ယောက်ဒေါသတဖွားဖွားထွက်နေပြီး လက်ချောင်းများအား ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ရုတ်တရက် သူမ တစ်ခုခုကိုသတိရသွားသည်---ပြသာနာLing က သူမအားကိုင်လိုက်သည့်အချိန် သူ၏လက်ဖဝါးများမှာ ပူနွေးနေလေသည်။ထိုကိစ္စအားထပ်ခါထပ်ခါ တွေးမိလိုက်တော့ ဒီနေ့သူ့၏မျက်နှာသည် ပုံမှန်မဟုတ်ပေ။သူသည်လည်း အအေးမိနေသည်များလား။

သူမတိတ်တိတ်လေးပျော်နေမိသည်။လှည့်ဖျားသည့်သူသည် ပြန်အလှည့်ဖျားခံရတတ်သည်ပေ။ဘုရားသည် လူသားအားလုံးအားညီတူညီမျှပင်တည်ရှိ​ပေးလေသည်။
(my note: မကောင်းတာလုပ်ရင် ပြန်ဝဋ်လည်မယ်လို့ပြောတာပါ။မမShengက မသနားပါဘူးနော်🤣🤣🤣)
ပြသာနာLing ရေ ရှင်ကတော့Sheng XiFan ရဲ့အမှားတွေကို ထပ်ခါထပ်ခါပြောနိုင်တယ်နော်။(my note: မမShengက သူမကို အပြစ်ပြောရင် သူလည်းပြန်ခံရမယ်ဆိုပြီးတွေးနေတာပါ 😂😂)
ဒါပေါ့ သူမကတော့ သူမ၏ညစ်ကျယ်ကျယ်အတွေးများထဲမှာ သာယာနေလေသည်။ဒါကအမျိုးသမီးများ၏တန်းတူအခွင့်အ​ရေးအပေါ် သူ့၏မဆင်မခြင်ပြုမူသည့်အတွက်ကြောင့် ဘုရားက အပြစ်ပေးခြင်းဖြစ်သည်။

သူမထိုနေ့ညတစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။သူမက အလုပ်သွားရန်ပြင်ဆင်နေခဲ့ပြီး အားအင်အပြည့်ဖြင့်ပင်။ ကောင်းကင်ကြီးမိုးမှောင်ကျလာကာ မြင်းဖြူကြီးစီးထားသည့်သူက ထွက်​ပေါ်လာကာ
သူမအား ညဘက်ကြီးခေါ်ယူကာ အကဲဖြတ်သုံးသပ်နေမည်ဟု စဥ်းတောင်မစဥ်းမိပေ။
(My note: အိမ်မက်ထဲကအတွေးတွေလို့ထင်တာဘဲ note တွေများသွားလို့ သည်းခံပေးပါနော်)

မနက်ပိုင်း အစည်းအဝေးချိန်တွင် Sheng XiFan အာရုံစိုက်မရဘဲ ခေါင်းထဲတွင် စကားလုံးအချို့သာရှိသည် ထို့နောက် သူမ၏ မှတ်စုစာအုပ်ထဲတွင် ' Bo Le '(my note: Bo Le/talent-scout = အနုပညာ၊အားကစားစသည်တို့တွင် အလားအလာရှိသူများအားစုံစမ်းရှာဖွေပေးသူ
တရုတ်လိုရေးတော့သာနှစ်လုံးတည်းပါ မြန်မာလိုအဓိပ္ပါယ်က ရှည်ပါတယ်) ဆိုသည့် စကားလုံးနှစ်လုံးအား ချရေးလိုက်သည်။သူမရုံးခန်းသို့ ပြန်ရောက်သည့်အခါ ငြီးတွားလေတော့သည်။
" ဘာလို့များ ငါ့အတွက်နည်းနည်းလေးဖြစ်ဖြစ် သဘောကျပေမဲ့မင်းသားလေးက မရှိရတာလဲ မြင်းနက်ကြီးမဟုတ်ရင်လည်းမြင်းဖြူလေးဖြစ်ဖြစ်ပေါ့ ငါက လိုက်မရှာချင်ဘူးလေ ဘယ်သူက လိုက်ရှာပေးမှာလဲလို့ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now