Chapter (4.1)Unicode/Zawgyi

1.8K 246 1
                                    

Sheng XiFan အလုပ်ကြောင့် ဟိုတယ်တွင်သာ အချိန်တော်တော်ကြာ နေခဲ့ရသည်။သူမ၏ရုံးခန်းသည် တစ်နေ့လုံး တရုတ်တိုင်းရင်းဆေးအနံ့များဖြင့် ပြည့်နှက်နေသည်။Ling Yishen သည် သူမ၏ရုံးခန်းမှဖြတ်သွားသည့်အချိန်တိုင်း အော်ပြောသွားလေသည်။
" ကြီးမြတ်လှပါသော အမတ မသေမျိုးSheng ရေ မသေဆေးတွေကိုထပ်ပြီးဖော်စပ်နေပြီလား "

Xu XiangYa က စူးစမ်းချင်နေသည့်ပုံစံဖြင့်
" ဆန်ပြုတ် နင်နေ့တိုင်း တိုင်းရင်းဆေးတွေနဲ့ဘာတွေလုပ်နေတာလား သွေးဆုံးနေလို့လား?? "

Sheng XiFan မျက်နှာကြီးအေးစက်သွားကာ
" ငါသာ သွေးဆုံးပြီဆို နင်က မြေကြီးထဲရောက်နေလောက်ပြီဟဲ့ ငါက exogenous အအေးမိနေလို့ ဆေးသောက်နေတာ "

Xu XiangYa အံ့သြသည့်ပုံဟန်ဆောင်ကာ လေးစားသလိုလိုဖြင့်
" Wow... exogenous အအေးမိလို့..
နင်က အရမ်းပရော်ဖက်ရှင်နယ်ကျတာဘဲဟယ် "

" ပရော်ဖက်ရှင်နယ်ကျတာ ငါမဟုတ်ဘူး။ ခပ်ချောချောဆရာဝန်လေး " သူမကိုယ့်ဘာကိုယ် တိုတိုးလေး​ပြောလိုက်သည်။ထို့နောက်တွင်တော့
He SuYe ၏ အပြုံးနှင့်ပါးချိုင့်လေးက သူမ၏စိတ်ထဲတွင် ချက်ချင်းပေါ်လာလေသည်။

ဘယ်သူက သိမှာလဲ Xu XiangYa ၏ အကြားအာရုံက ဒီလောက်တောင်ကောင်းမယ်လို့...။
သူမက ချက်ချင်းပင် အတင်းအဖျင်းပြောခြင်းကိုစတင်လေသည်။ " ခပ်ချောချောလေးလား ?? ဆရာဝန်ဆိုတော့ သူကဘယ်သူလဲဟ ဆန်ပြုတ်က နောက်ဆုံးတော့ တစ်ယောက်ယောက်နဲ့တွေ့ခဲ့ပြီပေါ့ Wow... ဒေါက်တာဆိုတော့ ယူနီဖောင်း ဇာတ်လမ်းလေးဘဲ အဖြူရောင်ကုတ်နဲ့ဆိုတော့ အရမ်းကို ခန့်ညားနေမှာဘဲဟယ် "

Sheng XiFan သူမအား မနိုင်ဘူးဆိုသည့်အကြည့်ဖြင့် " အမရဲ့ ဗူးတဲ့(my note: နှာဗူးကျတာကိုပြောတာပါ 😂) လယ်ဗယ်အဆင့်ကလည်း အရမ်းကို ပရော်ဖက်ရှင်နယ်ဘဲနော် "
တရုတ်တိုင်းရင်းဆေးတစ်ထုတ်အားထုတ်ယူလိုက်ကာ သူမရှေ့တွင်၎င်းအား ယမ်းပြလိုက်ပြီး
" ဒေါက်တာချောချောလေးကို သွားတွေ့ရတဲ့တန်ဖိုးကလည်း မနည်းပါဘူးနော် ပျော်ရွှင်မှုကတခဏ နာကျင်မှုက အချိန်ပိုကြာတယ်ကွဲ့ "

Xu XiangYa ကနှုတ်ခမ်းပြန်မဲ့ပြကာ " အဲ့ဒါက အရေးမကြီးလေ ငါနေမကောင်းဖြင်သလိုဟန်ဆောင်လိုက်မှာပေါ့ ပြီးတော့ ဆေးခန်းပြပြီးလို့ငါ့ကိုဆေးတွေပေးလိုက်ရင်လည်း ငါက လွှတ်ပစ်ရုံဘဲပေါ့ဟယ် ဘယ်လိုဘဲဖြစ်ဖြစ် လူနာက ဆေးတွေကိုလိုချင်​နေတာမှမဟုတ်တာ
ဒေါက်တာချောချောလေးကိုဘဲ လို​​နေတာ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Waar verhalen tot leven komen. Ontdek het nu