Chapter (5.3)Unicode

1.6K 224 0
                                    

သူမ အပြင်ဘက်သို့ထွက်လာသည့်အခါ ဗီလာနံပါတ်(၂) အရှေ့တွင် ကားတစ်စီး ထိုးရပ်လိုက်သည်ကိုမြင်လိုက်ပြီး ကားထဲမှ အလွန်ထူးဆန်းသည့် သွင်ပြင်ရှိနေသည့် ချောမောလှသော အမျိုးသမီးတစ်ဦးဆင်းလာလေသည်။သူမ သေချာကြည့်လိုက်သည့်အခါ ထိုအမျိုးသမီးသည် စူပါမော်ဒယ်တစ်ဦး ဖြစ်ပုံပေါ်သည်။

Sheng XiFan တိတ်တိတ်လေးသက်ပြင်းချလျက်ရှင်က တကယ့်ကို မကောင်းဆိုးဝါးဘဲ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ရှင့်ရဲ့ဂရုစိုက်မှုကို လိုလိုချင်ချင်ကိုလက်ခံနေကြတဲ့ လူတွေအများရှိနေတာကလည်း သနားစရာဘဲနော် ထို့နောက်သူမ၏အတွေးများ၌
သူမသာ ဒီလိုအခြေအနေကို ဓာတ်ပုံရိုက်ပြီး အတင်းအဖျင်းရပ်ကွက်သို့ပို့လိုက်မည်ဆိုပါက သူမပိုက်ဆံတောင်ရှာနိုင်ဦးမည်ဖြစ်သည်။တကယ်လို့နောက်ပိုင်းတွင် သူမအား၎င်းတို့က နှင်ထုတ်ကြမည်ဆိုပါက အဆုံးတွင် တရားစွဲဆိုခံရနိုင်ပြီး သူမထိန်းသိမ်းခြင်းခံရမည်ဆိုလျှင် သူမ၏မိဘများမှာ သူမအားထောင်ထဲတွင်သာလာတွေ့ကြရပေလိမ့်မည် ------ မေ့လိုက်တော့ ၊ သူမတိတ်တိတ်လေးသာ ဝေးဝေးသို့လျှောက်သွားလိုက်သည်။

သူမ အမှတ်တမဲ့ စောင်းငဲ့ပြီး ကြည့်မိလိုက်သည့်အခါ Ling Yufan က တံခါးအားမှီလျက် သူမအားပြုံးပြနေသည်ကို မြင်လိုက်ရသည်။သူ၏မျက်လုံးများမှာ မျက်မှန်မပါသော်လည်း
အားအပြည့်ဖြင့် ရွှန်းလဲ့တောက်ပနေပေသည်။Sheng XiFanသည် သူမ၏ခါးသက်သက်ပုပ်သိုးနေသည့်မျက်နှာအား ချက်ချင်းအောက်ငုံ့လိုက်ကာ ခေါင်းသာယမ်းမိလေတော့သည်။

သူမ စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး လက်ပိုက်လျက် 'ခရီးလမ်းဆိုသည်မှာ အဆုံးမရှိ'ဟု တိတ်တိတ်လေးရွတ်လျက် သူမပြန်သည့်အခါတွင် ယွမ်ငွေ လဲလှယ်ရပေဦးမည်။

ကြမ်းခင်းများအားလုံးကို စစ်ဆေးကြည့်ပြီးနောက် သူမကျေနပ်စွာ ခေါင်းငြိမ့်လျက် " ရေဆိုးရေညစ်သန့်စင်တဲ့စနစ်က အရမ်းကောင်းတယ် ကျွန်မ သဘောကျတယ် ဒီနေ့လည်အတွင်းသေချာလေးပြင်ဆင်ပေးခဲ့ကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ် "

ထို့နောက် သူမ ပစ္စည်းများသိမ်းဆည်းရန် ရုံးခန်းသို့ ပြန်လာခိုက် တိုက်တိုက်ဆိုင်ဆိုင် တရုတ်စားသောက်ဆိုင်ရှေ့သို့ဖြတ်မိလေသည်။သို့သော်
ပြန်လှည့်လာခဲ့မိသည်။ သူမနှာခေါင်းတရှုံရှုံလုပ်လိုက်ပြီးနောက် ဆိုင်အနောက်ဖက် ဟင်းချက်သည့်အခန်းထဲသို့ Xu Xiangya အားအပြေးလေးလာရှာလေသည်။ " Xiangya ဒီနေ့ က စမုန်နက်ဖက်ထုပ်လား "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Kde žijí příběhy. Začni objevovat