Chapter (1.2)Unicode/Zawgyi

3.6K 307 3
                                    

သူမ တော်တော်ကြီးနောင်တရမိသည်။ မိတ်ကပ်လည်းမလိမ်းလာမိဘူး မျက်ကွင်းတွေလည်းညိုနေတယ် ဝတ်လာတာကလည်း ပုံမှန်ဝတ်နေကျ ရှပ်နဲ့ ဂျင်းဘောင်းဘီ ---- သူမ ဒီလိုခပ်ချောချော ယောက်ျားလေးနဲ့တွေ့ရမယ်ဆိုတာကြိုသိခဲ့ရင်
ဒီထက်ပိုကောင်းတာလေးတော့ ဝတ်ခဲ့မိမှာပါ။

ဒေါက်တာ​က မေးလိုက်သည်။
" ဘယ်နေရာက နေမကောင်းဖြစ်တာလဲ"

သူမ ဒေါသသံနဲ့ဖြေလိုက်မိသည်။
" အိပ်မပျော်​တဲ့ရောဂါလေ
အိပ်မပျော်တာ ငါးရက်လောက်ရှိပြီ"

မထင်မှတ်ဘဲ ဒေါက်တာက ရယ်မောလာပြီး ညာဘက်ပါးပေါ်က ပါးချိုင့်လေးကထင်းခနဲပေါ်လာသည်။"ဒါက ရောဂါဆိုပြီးတော့ သတ်မှတ်လို့မရသေးဘူး ဘယ်လိုဘဲဖြစ်ဖြစ် အခုတလောတော့ ကောင်းကောင်းအိပ်မပျော်ဘူးမဟုတ်လား"

သူမ ခဏလောက် စဥ်းစားလိုက်ပြီးခေါင်းငြိမ့်လိုက်သည်။"ကောင်းကောင်းအိပ်မပျော်ဘူး နိုးတာလည်းလွယ်တယ် နိုးသွားရင်လည်းပြန်အိပ်လို့မရတော့ဘူး ညဘက်တွေ လည်းအိပ်လို့မရတာ နည်းနည်းကြာပြီ"

သူက သူမ၏လက်ဖဝါးကို လက်ညှိုးထိုးလိုက်ပြီး "သွေးခုန်နှုန်း စမ်းကြည့်မယ်"

သူမ၏လက်ကောက်ဝတ် ကို လာထိတဲ့အချိန်မှာသူ့ရဲ့လက်ချောင်းတွေက နွေးနေတယ်။သူမ ပုံမှန်မဟုတ်သလို ခံစားနေရတယ်။ဆရာဝန်က လူနာကိုစမ်းသပ်နေတယ်ဆိုတာ သူမ သိပေမဲ့ အခုလိုချောမောတဲ့မျက်နှာမျိုးနဲ့ မျက်နှာချင်းဆိုင်နေရတော့ နည်းနည်းတော့ ရှက်နေမိသည်။သူမရဲ့ နှလုံးခုန်သံမြန်နေ​တာကို ဒေါက်တာ မသိပါစေနဲ့လို့ ဆုတောင်းမိလိုက်သည်။

ခဏကြာတော့ ဒေါက်တာက သူရဲ့လက်ကို ဖယ်လိုက်ကာ ဆေးမှတ်တမ်းဖွင့်ပြီး စမ်းသပ်ခဲ့သည်ကိုပြန်လည်သုံးသပ်စစ်ဆေးနေသည်။
" ခန္ဓာကိုယ်အားနည်းတယ် စိတ်ခံစားမှုထိခိုက်လွယ်တယ် အသည်းနဲ့ကျောက်ကပ်မှာ ယင်ဓာတ်အားနည်းနေပြီး အသည်းက ယန်ဓာတ်များ နေတယ် ကြံခိုင်ဖြတ်လတ်မှုကောင်းတယ် အတွေးများလွန်းတာက နှလုံးသရက်ရွက်အတွက် မကောင်းဘူး"

သူမ အေးခဲသွားသည်။သူမ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောလိုက်မိသည်။
"အမလေး နှလုံးနဲ့ကျောက်ကပ်က အားနည်းတာဒေါက်တာရေ ကျွန်မက ကယ်လို့ရနိုင်သေးလား"

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now