Chapter (14)Unicode

1.4K 187 10
                                    

He SuYe ဆေးရုံသို့သွားသည့်အချိန် ဘတ်စ်ကားပေါ်မှ ဆင်းလာသည့်အခိုက် သူ၏ရဲဘော်ရဲဘက်ကြီး Qiu Tian က MP3လေးနားဆင်နေသည်ကို တွေ့ရသည်။သူ ခေါင်းတရမ်းရမ်းနှင့် ဆေးရုံတံခါးဆီသို့လျှောက်လာသည်။သိလည်းသိချင်သည့်အတွက် Qiu Tian ဆီသို့ လျှောက်သွားပြီး ပခုံးကို တိုက်လိုက်သည်။
" မင်းအလုပ်က ဒီမှာလို့တော့ ငါ့ကို မပြောနဲ့နော်"

Qiu Tianက အပြစ်ကင်းသည့် မျက်နှာလေးဖြင့်
" ဒါက ဘယ်လိုတောင်လဲ ငါက အကြိုအဆိုတောင်မခံရဘူး အရမ်းဝမ်းနည်းတယ်! "

He SuYe က ပြုံးကာ
" ကြိုဆိုပါတယ် ဒါပေမဲ့ မင်းကို ဘယ်ဆရာကမှ လန့်အောင်မလုပ်မိပါဘူးနော် ငါက သိချင်ရုံလေးရယ် "

Qiu Tian ကညည်းညူသည်။
" ဆရာဝန်တစ်ယောက်ရှိတော့
ပိုကောင်းတယ်မင်းကထင်တယ်ပေါ့ ဆေးရုံဆိုတာက တစ်ခါတည်းနဲ့ အားလုံးကဆက်စပ်နေတာရယ် အထက်လူကြီးနောက်လည်းလိုက်ရသေး ပြီးတော့ ငါတို့ဆေးရုံရဲ့ နှလုံးနဲ့သွေးကြောဌာနက အဲ့လောက်ကြီးလည်း အလုပ်မဖြစ်ဘူး အရင်ဆုံးနေကြည့်တာပေါ့ တစ်ရက်လည်းဖြစ်နိုင်တယ် ကျော်ဖြတ်ရမှာဘဲလေ "

He SuYe တိတ်တိတ်လေးသာနေလိုက်သည်။ တကယ်လည်း ကိုယ်ချင်းစာမိသည်။Qiu Tian က သွားရင်းနဲ့ပြောပြသည်။
" SuYe တကယ်တော့ ငါမင်းရဲ့အဖေကိုလည်း သွားတွေ့ချင်တာ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ ငါက စစ်သားတစ်ယောက်မှမဟုတ်တာ "

သူ ခဏလောက်တော့ ငြိမ်နေမိသည်။
" ဟုတ်တယ် မင်းသွားလို့မရလောက်ဘူး အထွေထွေဆေးရုံက စစ်တပ်ထဲမှာ ရှိတာ ပြီးတော့ စစ်သားဖြစ်ဖို့လည်းလိုတာပေါ့ "

Qiu Tian သည် ' မင်းကပျင်းဖို့ကောင်းလိုက်တာ ' ဆိုသည့် မျက်နှာပေးနှင့် သူ့ကို ဆိတ်လိုက်ပြီး သက်ပြင်းချသည်။
" ငါမင်းကိုတကယ်နားမလည်နိုင်တော့ဘူး
တကယ်လို့ငါက စစ်ဆေးတက္ကသိုလ်ကို သွားမဖြေခဲ့ရင်လည်း တကယ်လို့ တရုတျတိုငျးရငျးဆေးပညာကျို သင်ခဲ့ရမယ်ဆိုရင်တောင် ငါလည်းနိုင်ငံခြားကိုသွားခဲ့မှာမဟုတ်ဘူး အဲ့တုန်းကတက္ကသိုလ်ဌာနမှူးက အရေးပါအရာရောက်တဲ့သူ ပြီးတော့ နိုင်ငံထဲမှာဆိုလည်း နှလုံးနဲ့သွေးကြောဌာနရဲ့ နာမည်ကြီးကျွမ်းကျင်တဲ့သူလည်းဖြစ်တယ် မင်းက ဖြုန်းတီးနေတာဘဲ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Unde poveștirile trăiesc. Descoperă acum