Chapter (27)Unicode

1.9K 139 0
                                    

ရှေ့လာမဲ့နေ့ရက်များက အမြဲလိုလို ပင်ပန်းခက်ခဲနေမြဲ။
မရေမတွက်နိုင်သည့် သင်တန်းများ၊ရီပို့ထ်များနှင့်စာတမ်းများကြောင့် Shen XiFan အလွန်အမင်းပင်ပန်းရလေသည်။Cornell တက္ကသိုလ်ဆိုသည်မှာ ကာလလေးနှစ်တာဆိုသည့်အချိန်ကို ပေါ့ပေါ့ပါးပါးနှင့်ဖြုန်းတီးနေ၍မရကြောင်း သူမ ပြောခဲ့ဖူးသော်လည်း ဤကဲ့သို့သောပင်ပန်းရသည့်ခံစားချက်ကို ခံစားဖူးသည့်သူမသည်သာ အမှန်တကယ်နားလည်နိုင်ပေသည်။

ဇန်နဝါရီ၏ရာသီဥတုသည် ရုတ်တရက်အေးလာခဲ့ပြီး လေပြင်းများတိုက်ခတ်ကြသည်။သွားသွားလာလာနှင့်ပျားပန်းခတ်နေကြသည့်ကျောင်းတော်ကြီးထဲ၌ ပုံမှန်နှင့်မတူဘဲ ရုတ်တရက်တိတ်ဆိတ်လာခဲ့ပြန်သည်။ရာသီဥတုနှင့်မဆိုင်သော်လည်း သူမ၏စိတ်အခြေအနေကလည်းစိတ်အားငယ်နေပြီး အကျ ဘက်သို့ရောက်လာခဲ့သည်။

တရုတ်တွင် မိမိတို့၏တရုတ်နှစ်သစ်ကူးရက်သည် နှစ်ရက်ကျန်သေးသော်လည်း ပင်လယ်၏အခြားတစ်ဖက်ရှိ နယူးယော့ခ်မြို့မှာတော့ ပျော်ပွဲရွှင်ပွဲမရှိ ၊မီးပုံးနီတွေမရှိ၊ဗျောက်အိုးများမရှိသလို၊နှစ်သစ်ကူးသည့်အခါလူများမှပစ္စည်းတိုးကျိတ်ဝယ်ယူခြင်းလည်းမရှိသည့်အပြင် ဖက်ထုပ်...ဖက်ထုပ်တွေလည်း မရှိဘူး။

မိသားစုမရှိ ၊ဆုမွန်ကောင်းတွေမရှိသည့်အပြင် သူမ၏လက်တွဲဖော်လည်းမရှိသည့်ဤတစ်နှစ်တာကို သူမဖြတ်သန်းနေရလေပြီ။

Ithaca မြို့၏ကောင်းကင်သည် ပြာလဲ့လဲ့မှိုင်းညို့နေပြီး နှင်းကျတော့မည်ဟန်ပြင်နေသော်လည်း နှင်းချပ်များကိုမတွေ့ရဘဲ သူမ၏နှလုံးသားလေးကိုဖျစ်ညှစ်ထားသည့်လေးပင်လှသည့်ခံစားချက်မျိုးနှင့် ဤကဲ့သို့ကောင်းကင်ပြင်ကြီးက အမှန်တကယ်ကိုအထီးကျန်ဆန်လှပေသည်။

သူမ၏မျက်နှာက အလိုလိုမျက်မှောင်ကြုပ်ထားမိသည့်အချိန် ရုတ်တရက် စကားပြောသံကိုကြားလိုက်ရသည်။
" ဆရီနာ ရှင်ဒီအစီအစဥ်ကို ဘယ်လိုထင်လဲ? "

သူမ၏ခေါင်းထဲ၌အချိန်ခဏလောက် ဗလာကျင်းသွားခဲ့ပြီး သူမ၏အတွေးများကို အရှေ့မှ ကိစ္စများဆီသို့ပြန်ဆွဲခေါ်လိုက်ရ၏။
အတွေးများကိုရှင်းလင်းပြီးနောက် ပါးစပ်ကို တဖြေးဖြေးဟလိုက်သည်။
နိုင်ငံတကာဟိုတယ်တွေကနေမှ ခေတ်ကာလရဲ့ယဥ်ကျေးမှုအနုပညာတွေကိုစီမံတဲ့ပုံစံကလည်းချိတ်ဆက်လာနေသည်ဖြစ်၍ နောက်ဆုံးတွင် တရုတ်နိုင်ငံ၏ဟိုတယ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုအယူအဆများကိုလည်းပေါင်းစပ်လိုက်သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now