Chapter (15)Unicode

1.3K 186 1
                                    

Shen XiFan အိမ်ပြန်ရောက်သည့်အခါ ဧည့်ခန်းထဲ၌ လက်ဆောင်ပစ္စည်းများထည့်ထားသည့်ဘူးများနှင့် အိတ်များအား စုပုံထားသည်ကို တွေ့လိုက်ရသည်။သူမ လက်ဆေးရန် ရေချိုးခန်းထဲသို့ဝင်သည့်အခိုက် အထဲရှိ ပလတ်စတစ်ရေပုံးထဲမှ 'တဖျပ်ဖျပ်' မြည်သံများကိုကြားလိုက်ရသည်။သူမ သိချင်စိတ်ဖြင့် အဖုံးကိုဖွင့်လိုက်သည့်အခါ
" မားရေ!  မြွေတွေ! "

ဖေဖေShenတောင်တကယ် လန့်သွားမိသည်။
သစ်သားတုတ်ချောင်းလေးနှင့် နှစ်ခါလောက်စနောက်လိုက်ရင်း
"ဒါက အဝါရောင် ငါးရှဥ့်လေ အရမ်းတူနေလို့လား? "

Shen XiFan ဖျားချင်သွားသည်။
" သမီးတို့ ဒါကြီးကို ဝရန်တာကနေ လွှတ်ပစ်လိုက်ရအောင်လေ သမီးအိမ်သာသွားနေတဲ့အချိန် တစ်ခုခုရဲ့ အကြည့်ခံနေရမှာကို သည်းမခံနိုင်ဘူးနော် "

တစ်ဖန် အိတ်တစ်အိတ်ထဲက ' ချွတ်ချွတ် ' မြည်သံကြားလိုက်ရပြန်သည်။ဖေဖေShen ကရှင်းပြပေးသည်။
" အဲ့ဒါက ဂဏန်းပါ ငွေဂဏန်းကောင်လေ
FanFan ဒီငါးတွေကို စည်ပိုင်းထဲထည့်ဖို့ ကူပေးဦး သတ်လို့မရသေးဘူးနော် မဟုတ်ရင်
သမီးမေမေကထပ်ပြီး စိတ်မကောင်းဖြစ်နေမယ် "

ညစာစားသည့်အခါ မေမေShenက Jiangshanကိုတူဖြင့် ညွှန်ပြလိုက်ပြီး
" အဘိုးနှစ်​ယောက်အတွက် ပင်လယ်စာလတ်လတ်ဆတ်ဆတ်လေးတွေကို ဘူးတွေနဲ့ရွေးထည့်ထားတယ် ပြီးတော့ ဟင်းသီးဟင်းရွက်တွေရောဘဲ ဒီနှစ် ကျွန်မတို့ စိုက်ပျိုးရေးဌာနဘက်က ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေက အတော်လေး ဖြစ်ထွန်းတယ် "

ဖေဖေShen ကခေါင်းငြိမ့်သည်။
" နှစ်ကူးအတွက် ကိုယ့်ကို ပန်းတွေ အသီးအရွက်တွေနဲ့ အသီးအနှံတွေ နည်းနည်းပေးဦး အဲ့ဒါတော့ တတ်နိုင်ပါတယ် "

Shen XiFanသည် မျက်လုံးလေးကလယ်ကလယ်ဖြင့် ရုတ်တရက် သဘောပေါက်သွားတော့သည်။
" အိုး.... ပစ္စည်းတွေဒီလောက်အများကြီးရှိနေတာက နှစ်ကူးရောက်တော့မှာမို့လို့ကိုး "

မေမေShenက မကျေနပ်ပေ။
" နေ့တိုင်း အလုပ်သွားဖို့ဘဲသိတယ် နှစ်ကူးချိန်လေး နားရက်ရှိတယ်ဆိုတာရော သိသေးရဲ့လား သမီးရဲ့ဦးလေးက နှစ်ကူးဆို ရွာမှာဘဲနေတာ ဒီနှစ်နဲ့ဆို အကြိမ်သုံးဆယ်လောက်ရှိပြီ သူတို့က နှစ်ကူးပြီးပထမဆုံးရက်မှာ သမီးအဖိုးအိမ်ကို သွားကြမှာ အိမ်မှာ ချက်ပြုတ်ပေးမှာပေါ့ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now