Chapter (2.2)Unicode/Zawgyi

2.9K 305 4
                                    

စာရွက်စာတမ်းများအား ဖတ်ကြည့်လိုက်သည်။
*အခန်းထိန်းသိမ်းရေးဌာနမှ အခန်းများကိုစီစဥ်ပေးရမည်။အခန်းထိန်းသိမ်းရေးဌာနသည် အရှေ့ရုံးနှင့် အမြဲတမ်း အဆက်အသွယ်မပြတ်ရှိနေရမည်။အခန်းထိန်းသိမ်းရေးဌာနမှ အရှေ့ရုံးမှ ဧည့်သည်အဝင်စာရင်းကို အမြဲစစ်ဆေးထားရမည်။ဧည့်သည်မှတ်တမ်းများအား အကျွမ်းတဝင်ဖြစ်ရမည်။ဧည့်သည်များ၏ အကြံပြုချက်များအား ကောက်ယူထားပြီး VIP အခန်းများအား အထူးဂရုစိုက်ရမည်။အရှေ့ရုံးမှ ဧည့်သည်များအားချက်ချင်းတည်းခိုနိုင်ရန် စီစဥ်ပေးနိုင်ဖို့ အခန်းအခြေအနေများအား ပုံမှန်စစ်ဆေးရန် အထူးဂရုစိုက်ပေးပါ။အတွင်းပိုင်းနေရာအရွှေ့အပြောင်းများနှင့် လုပ်သားအင်အား အပြည့်ရှိစေရန် အရွှေ့အပြောင်းစာရင်းများအား သေချာ လုပ်ဆောင်ထားပါ။အခန်းတိုင်းရှိ ကွန်ပျူတာ စနစ်များနှင် အရှေ့ရုံးအပေါ် တုံ့ပြန်ချက်များအချိန်နှင့်အမျှ လွယ်ကူစွာ ပေးနိုင်စေရန် အသေးစိတ် ဂရုပြုပါ။ဧည့်ကြိုဌာနမှ မည်သည့်အချိန်မဆို အခန်းခစျေးနှုန်းများအား အလုံးစုံ ထိန်းညှိပေးပြီး အစားအသောက်ဌာနနှင့်အတူ ကောင်းမွန်သောအခန်းဝန်ဆောင်မှု များပေးနိုင်ရန် ပူးပေါင်းလုပ်ဆောင်ရမည်။ မီနီဘား အခန်းထဲမှာ အစားအစာများနဲ့အဖျော်ယမကာ ထောက်ပံ့မှုနှင့် ပတ်သက်ပြီး
အသေးစိတ်စာရင်းများ ပြုလုပ်ထားပါ။နောက်နေ့များအတွက် မနက်စာကိုလည်း အဆင်ပြေပြေ ဖြစ်အောင်စီစဥ်ထားပေးပါ။အစားအစာများကို အချိန်အပိုင်းအခြားအလိုက် သင့်တော်မှုရှိစေရန် အစားအသောက်ဌာနနှင့်ညှိနှိုင်းဆောင်ရွက်ပေးပါ။*

သူမ အချက်အလက်များအား လှန်လှောကြည့်နေသည်။ဒီလိုအချိန်တွင် VIP ဧည့်သည်များ အရမ်းများသည့်အတွက် တာဝန်လည်းအတော်ကြီးလေသည်။သူမ ခေါင်းထဲတွင် ရှုပ်ထွေးနေလေပြီ။

သူမ ထိုသို့ဖြစ်နေတုန်းပင် အစားအသောက်နှင့်အဖျော်ယမကာကွပ်ကဲရေးဌာန၏ မန်နေဂျာ Xu Xiangya မှ တံခါးအားတွန်းဖွင့်ကာဝင်လာသည်ကို​မြင်လိုက်လေသည်။သတင်းပျံ့မှုကတော့ လမ်းဘေးတွင်အလကားအပိုလက်ဆောင်ပေးနေသည့် စျေးသည်များကဲ့သို့ပင်ဖြစ်သည်။ " လာ..လာ...ပြန်သွားပြီး သေချာလေ့လာလိုက်ဦး အောင်မြင်လာမဲ့ ပူးပေါင်းမှုလေး​ပေါ့။ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Unde poveștirile trăiesc. Descoperă acum