Chapter (23)Unicode

1.2K 147 6
                                    

အချိန်အတော်ကြာပြီးသည့်နောက်ဝယ်
He SuYe သတိပြန်ရလာခဲ့သည်။သူ မျက်လုံးများကိုဖွင့်လိုက်သည့်အခါ အဖြူရောင်နံရံကိုမြင်တွေ့ရပြီး နံရံထက်တွင်လေသန့်စင်စက်က အလုပ်လုပ်နေသည်။သူ ဘာမျှမတုံ့ပြန်ရသေးခင်မှာပင် ခေါင်းလုံးလုံးလေးသည် အဖြူရောင်စောင်အနားဆီသို့တိုးလာခဲ့ပြီး စိတ်မချမ်းမြေ့ဖွယ် ဝမ်းနည်းစွာငိုယိုနေလေသည်။
" အန်ကယ်လေး နိုးလာပြီးလား သားက နိုးလာပါ့ဦးမလားလို့စိုးရိမ်နေတာ သားကသေလောက်အောင်လန့်သွားတာဘဲ "

ထို့နောက် Qiu Tian၏အသံထွက်ပေါ်လာခဲ့သည်။အသံကပုံမှန်နှင့်မတူဘဲ နည်းနည်းလည်းကူကယ်ရာမဲ့နေသလို။
" ကောင်လေး မင်းဦးလေးက ပြင်းပြင်းထန်ထန်ထိခိုက်ခံခဲ့ရတာ ပိုပြီးအနားယူသင့်တယ်လေ အခုတော့နိုးသွားပြီပေါ့ "

He SuYe သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး
" ဒါဆို ငါကအခုဆေးရုံမှာပေါ့ ဘယ်ဆေးရုံရောက်နေတာလဲ? "

Qiu Tian သည် He SuYeကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး
" မင်းအဖေရဲ့ဆေးရုံမှာလေ သူတို့ဆက်သွယ်ပေးတဲ့ပထမဆုံးလူနာတင်ကားက စစ်တပ်ရဲ့အထွေထွေဆေးရုံကဖြစ်နေတာဘဲ မင်းရေသောက်ချင်လား ငါငှဲ့ပေးမယ်လေ "
ထို့နောက် လှည့်ကာ ရေခွက်ကိုရှာလေသည်။

He Shouzhengလေး၏မျက်လုံးများမှာနီရဲတွတ်နေပြီး သူ့ကိုမကျေမနပ်ကြည့်လာလေသည်။He SuYe လက်ကိုဆန့်၍သူ့ခေါင်းလေး ကိုပုတ်ပေးချင်သော်လည်း သူ့၏ညာဘက်လက်မောင်းမှ လွှဲ၍ ဘယ်ဘက်လက်ကို ပတ်တီးဖြင့်ပတ်ထားသည်ကိုမြင်လိုက်ရပြီးနောက် သူ့ကိုယ့်သူသာပြန်ပြောမိတော့သည်။
" ပေါ့ပေါ့ပါးပါးလေးလဲကျခဲ့သင့်တာ!! "
" Qiu Tian ငါ့ရဲ့အရေးပေါ် ဆေးစစ်ချက်စာရင်းလေး ယူလာပေးဦး ငါကြည့်ချင်တယ် "

He Shouzhengလေးက သူ့ကိုပေးသည့်အခါ ယူပြီး ကြည့်ရှုလိုက်သည်။
ကံကောင်းချင်တော့ သူ့အတွက်အပြင်းအထန်မစိုးရိမ်ရသည့်အပြင် သူ့ဘဝမှာ ပထမဆုံးအကြိမ်ရသည့်ဆုတ်ဆိပ်လိုမျိုးအထူးအဆန်းတောင်ဖြစ်နေမိလေသည်။

သုံးရက်လုံးလုံးစကားမပြောရသည့်အတိုင်း Qiu Tian၏ ယောက္ခမလို တဗျစ်တောက်တောက်ပြောတတ်သည့်ပုံစံအားမြင်တွေ့ရန်ခဲယဥ်းလှပေသည်။
" မင်းဘယ်လောက်ကြာကြာအိပ်ပျော်နေလည်းဆိုတာသိရဲ့လား မငျးတို့မျိသားစုကမငျးအဖကေိုမပွောရဲကွပမေဲ့နောကျဆုံးတော့သတိပေးခဲ့ရတယျ ဒီကောင်လေးကလည်းအခုမနက်ချက်ချင်းကိုရောက်လာတာ ငိုဘဲငိုနေတယ်ချော့လို့လည်းမရဘူး ကျောင်းတောင်မသွားတော့ဘူး ပြီးတော့ Feng Kexingလည်းပါလာတယ် သူကမင်းနဲ့အတူလမ်းတစ်လျှောက်လုံးလိုက်ပေးခဲ့တော့ ပင်ပန်းပြီးဂျူဒီခန်းထဲမှာလှဲနေတယ် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now