Chapter (3.2)Unicode/Zawgyi

2K 263 4
                                    

နောက်တစ်နေ့ သူမအိပ်ရာထလာချိန် Sheng XiFan မသက်မသာ ခံစားနေရပြီး သူမတစ်ကိုယ်လုံး ညောင်းချိနေလေသည်။မနက်ပိုင်းအစည်းအဝေးချိန်တွင် Ling Yishen သည် သူမဘေးတွင် ထိုင်နေပြီး သူမအား ခဏခဏကြည့်လာလေသည်။

အစည်းအဝေးပြီးနောက် သူကမေးလိုက်သည်။
"Xiao Fan နင့်ရဲ့မျက်နှာက ဘာလို့ရဲနေတာလဲ "
Xu Xiangya သည်လည်း သူမအားကြည့်ရန် ရှေ့သို့လျှောက်လာခဲ့သည်။သူမ Sheng XiFan ၏နှဖူးအားစမ်းလိုက်ပြီး " အိုး နင်ကတော့ ပူချစ်တောက်နေတဲ့ ဆန်ပြုတ်ဖြစ်နေပြီ "

နောက်တော့ မစ္စတာCheng ကလည်းသတိပေးလာသည်။ " မန်နေဂျာ Sheng ရေ ဆေးရုံအရင်သွားစစ်လိုက်ပါလား ဒီနေ့အတွက် ဂျူဒီချိန်မှာ ရှိနေဖို့မလိုပါဘူး "

သူမ စိတ်ပျက်ပျက်နှင့် သက်ပျင်းချမိသည်။သို့သော်လည်းသူမ လျစ်လျူရှူ၍မရပေ။သူမအိမ်ပြန်လိုက်ပြီး အပူချိန်တိုင်းလိုက်သည်။ ၃၇.၆ ဒီဂရီ __အရမ်းတော့မမြင့်ပါဘူး။သူမ ၏ လည်ချောင်းမှာ မနာဘဲ အာသီးလေးကသာ ပုံမှန်နှင့်မတူဘဲ ရဲနေသလိုဖြစ်နေသည်။သူမ ကလေးတုန်းက မကြာခဏဖျားလေ့ရှိသောကြောင့် ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုတွေအားလုံးက သူမ အားမှတ်မိနေလေသည်။ လက်ရှိတွင် သူမ၏ခန္ဓာ ကိုယ်သည် တော်တော်လေးသက်သာလာသည်။သို့သော်လည်း သူမ ခဏခဏ အအေးမိလေ့ရှိသည်။

သူမ ဆေးရုံသို့သာ သွားလိုက်သည်။သူမတွင် အဖျားရှိသည်ဟုလည်း မပြောချင်ပေ။သူမအား SARS လူနာအဖြစ် သီးသန့်ခွဲထားမှာလည်း ကြောက်မိသည်။ပြင်ပလူနာများထားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဌာနဆီသို့ လာခဲ့
လေသည်။ လူနာများသိပ်မရှိသောကြောင့် သူမအလှည့်သို့ ခဏလေးနှင့်ရောက်လာသည်။

သူမနည်းနည်းတော့ကြောက်နေမိသည်။
" ဒေါက်တာ ကျွန်မက SARS ဖြစ်နေပြီလားဟင် "
(My Note: SARS = Severe Acute Respiratory Syndrome= ပြင်းထန်သော အသည်းအသန်ဖြစ်စေနိုင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာ)

ဌာနအကြီးအကဲဖြစ်သည့် သမားတော်က သူမအား​သေချာရှင်းပြလာသည်။ " လုံးဝမဖြစ်ပါဘူး ရိုးရိုးအအေးမိရုံလေးပါ မင်းရဲ့ အာသီးကလည်းရောင်ရမ်းမနေဘူးပြီးတော့ မင်းက ချောင်းမဆိုးဘူးဆိုတော့ အဆင့်နိမ့်အဖျားရှိနေတာပါ ပုံမှန်လေးဆေးသောက်ပေးဖို့လိုမယ် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now