Chapter (20)Unicode

1.3K 151 6
                                    

He SuYeဆီသို့ ကျောင်းကြက်ခြေနီအသင်းမှ ဖုန်းလက်ခံရရှိခဲ့သည့်အချိန်သည် သူ့အတွက်အတော်လေးနောက်ကျနေခဲ့သည်။

ဝိုင်ယာကြိုးဖြင့်ညိမိခြင်း၊ ဘောပင်ခွက်များပြုတ်ကျခြင်း၊ပလပ်ပေါက်ကြိုးများကို ခလုတ်တိုက်ခြင်း၊နှင့် စားပွဲခုံများမှောက်မိခြင်း စသဖြင့် ယခုလက်တလော အမှားများကိုမကြာခဏလုပ်နေခဲ့သည်။အတွေးများပြောင်းလဲနေခြင်း နှင့်အတွင်းကျကျတွေးခေါ်နေမှုများအကြောင်းကို သေသေချာချာ လေ့လာခဲ့ရပြီး ဖရိုဖရဲဖြစ်ခြင်းသည် ဆိုးကျိုးများကိုတွေ့ကြုံရခြင်းဟူသည့် အလွန်ဆိုးရွားလှသည့်အကြောင်းတရားဆီသို့သာ ဦးတည်လေသည်။

သူ့အတွက် အဆင်မပြေဖြစ်စေသည့်အရာမှာထိုကမ်းလှမ်းချက်ပြသာနာကြောင့်ဖြစ်ပေလိမ့်မည်။

ဤဖုန်းခေါ်ဆိုမှုသည် သူ၏ရှုပ်ထွေးလှသည့်အတွေးများကို ခေတ္တခဏမျှ ငြိမ်သက်သွားစေခဲ့သည်။ကျောင်းကကြက်ခြေနီအသင်းမှဖွဲ့စည်းထားသည့်ဆေးအဖွဲ့သည် နှစ်တိုင်းလိုလိုတောင်ပေါ်ဒေသများရှိ ဆေးကုသခန်းများဆီသို့ သွားခဲ့ကြသည်။လွန်ခဲ့သည့်နှစ်နှစ်ခန့်က သွားခဲ့သည့်ထိုနေရာလေးကို ရင်းနှီးနေဆဲ။

သူတစ်ခါမှ မမြင်ဖူးခဲ့သည့် အိမ်တန်းများ၊ဆန်၊ကြက်ဘဲနှင့် ရွှံ့လူးဝက်များရှိရာ တောင်ပေါ်ရွာလေးတွင် ပုန်းနေခဲ့မိသည်။နေ့တိုင်းနီးပါး ရေခပ်၊မီးမွှေး၊ ပြီးနောက်တွင် ရွာထဲရှိ ဆရာဝန်ဆီသို့သွား၍သင်ခန်းစာများပို့ချပေးသည်။လူအများစုသည် အလွန်ချို့တဲ့ကြ၍ ဆေးရုံဆေးခန်းမသွားနိုင်ကြသလို စျေးကြီးသည့်ဆေးများအတွက်လည်း ငွေကြေးမတတ်နိုင်ကြပေ။ရွာထဲရှိတစ်ဦးတည်းသောဆရာဝန်မှာ ကာကွယ်ဆေးထိုးပေးခြင်းကို ကျွမ်းကျင်ခြင်းမရှိသည့်သူဖြစ်နေလေပြန်သည်။

လေကောင်းလေသန့်ရပေသည့်တိုင်
အနေအထိုင် အလွန်ခက်ခဲလှသော်လည်း ကလေးများအားလုံး တစ်ယောက်မကျန်သည် မေးခွန်းပုစ္ဆာများမေးမြန်းသည့်အခါ သူ့ကို
'အကိုကြီး' ဟုခေါ်သည်အား သဘောကျနှစ်သက်လေသည်။ရွာသားများသည် ကျေးဇူးတင်သည့်အနေဖြင့် လတ်ဆက်သည့်ဟင်းသီးဟင်းရွက်များကိုပေးကြသည်။ အဘိုးအိုတစ်ယောက်သည် ဆန်အရက်သောက်ရန် ညနေတိုင်းသူ့ကိုဖိတ်လေသည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now