အခန်း ၁၄ (Unicode+Zawgyi)

2.7K 221 20
                                    

(Unicode)

တုန်လှုပ်သည်၊ ကြောက်ရွံ့သည်။ မိမိအား မသတီသလိုကြည့်နေသော မျက်ဝန်းတွေအား အမြန်လွှဲမိကာ ထိုအကြည့်တွေကို မခံစားနိုင်တော့။ ထိုအကြည့်တွေအောက် သူသည်အကြိမ်ကြိမ်ကျရှုံးရသလို ထိုအကြည့်တွေ ၏ စူးရှဒဏ်ကလည်း သူ့နှလုံးသားအား အကြိမ်ကြိမ် ထိုးဆွနေသည်။ ပတ်ဝန်းကျင်က မိုးတို့အားလည်း သူမနှစ်သက်နိုင်တော့ပါ။ ရွံ့ဗွက်တို့ကြားမှ သူကြိုက်သည့် မြေသင်းနံ့ လှိုင်လှိုင်ထနေသော်လည်း သူမပျော်နိုင်တော့ပါ။ သူသိသည်က.... ။

ငါမင်းအနားမှာ နေချင်သေးတယ်။

သူ့ရှေ့မှ မောင်သည် ခပ်ဟဟရယ်သွမ်းလိုက်ကာ...

" ဟုတ်နေတာပဲနော်... ငါအရင်ထဲက သံသယဝင်ခဲ့တာ။ မင်းဖြစ်နေတာပဲကို မင်းရသရဲ့။ ''

" ငါက...''

" ဟား... တကယ်ပဲနော်။ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီကိုတောင် ယူပြီး ငါ့အနားကိုလာဖို့ကြိုးစားနေတာပဲ...''

". . . "

ပြန်ပြောဖို့တောင် မဝံ့ရဲအောင် စကားလုံးများက မင်းရသအားသတ်သည်။ မောင်သည် သူ့အားထိုသို့ပင် ထင်နေသလား? ဟုတ်တော့လည်း ဟုတ်တာပါပဲနော် ငါက...။ နှုတ်ခမ်းထောင့်စွန်းမှ အနည်းငယ်ကော့တက်သွားအောင် ပြုံးလိုက်မိသည်။ တစ်ကိုယ်လုံး စိုရွှဲနေသော်လည်း သူ့ပါးပြင်ထက်တွင်တော့ မျက်ရည်ပူပူတို့နှင့်အတူ မိုးရေစက်တို့က ရောထွေးစိုစွတ်နေသည်။ ရသ ဘယ်လိုလုပ်ရတော့မလဲ။ အခုချိန်မှာ မောင်ကဘယ်လိုလုပ်ရောက်လာတာလဲ။

" ဘာလို့များ မင်းငါ့ကိုဒီလောက်တောင် ကပ်ဖို့ကြိုးစားနေရတာလဲ မင်းရသ''

ထိုမေးခွန်းကို ရသမဆိုင်းမတွစွာ ဖြေမိသည်။

"ငါမင်းကိုချစ်လို့ မောင်''

ထိုအခါချစ်ရသူက ဘေးတစ်ဖက်သို့မျက်နှာကိုလှည့်လိုက်သည်။ ငါ့မျက်နှာကိုတောင် မင်းမမြင်ချင်တာလား။

" ငါမင်းကိုပြောခဲ့ပြီးပြီပဲ။ မင်းကိုလုံးဝမချစ်နိုင်ဘူး...။ ငါယောက်ျားတွေကို စိတ်လည်းမဝင်စားဘူး၊ချစ်လည်းမချစ်နိုင်ဘူး။ အထူးသဖြင့် မင်းပေါ့ မင်းရသ။ ''

From My Tears...Where stories live. Discover now