အခန်း ၄၀ (Unicode+Zawgyi)

2.4K 156 4
                                    

(Unicode)

သူ့ပါးပြင်တွေကို အုပ်ကိုင်လိုက်သော မင်းရသရဲ့လက်တွေပေါ်ကို နှိုင်းကတစ်ဖန်ပြန်၍ အုပ်ကိုင်လာခဲ့သည်။ ထို့နောက် နှစ်ဦးသား မတိုင်ပင်စွာဖြင့် အနမ်းတစ်ခုကို နှစ်ဖက်လုံးမှ ပြိုင်တူပုံဖော်မိကြသည်။ နှိုင်းခစေတန်က မင်းရသ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကြပ်စွာ ပွေ့ဖက်ထားလျက် နူးညံ့လျသော ပါးပြင်လေးတွေကို ပွတ်သပ်နေရင်း အနမ်း​တွေကို ဆက်လက်ပုံဖော်နေလိုက်သည်။ အချိန်ကြာမြင့်စွာ နူးညံ့ဖြူစင်သော အနမ်းတစ်ခုပြီးဆုံးသွားသည့်အချိန်တွင်တော့ ရွှေရင်ခုန်သံတို့က အတောမသတ်နိုင်စွာ တဒိန်းဒိန်း ခုန်မြည်ကြလျက်...။

"ပန်းခြံကြီးထဲမှာ လူတွေမြင်သွားရင် ဒုက္ခပါပဲ...''

သူလည်းမပါတာ မဟုတ်ပဲနှင့် မျက်နှာလေးနီရဲကာ ပြောနေပါသော မင်းရသကို နှိုင်းခစေတန်က အသည်းယားစွာ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်ပါသည်။

"ဘာရှက်ရမှာလဲ...ကိုယ့်ယောက်ျားကိုယ်နမ်းတာပဲ''

"မသိတော့ဘူးကွာ''

စကားတတ်လေးက ပြောပြီးပြီးချင်း နှိုင်းရဲ့ရင်ခွင်ကျယ်ဆီ တိုးဝင်လာကာ မျက်နှာအပ်ထားတော့သည်။ ဒီလူသားလေးကို ချစ်လွန်းလို့ တကယ်ကို ဆွဲငုံပစ်လိုက်ချင်ပြီ။ အရမ်းအသည်းယားဖို့ကောင်းတာပဲ...။

"မောင်...ဟိုနားမှာ နှင်းဆီပင်လေး။လှလိုက်တာ...''

မင်းရသက ပန်းခြံရဲ့ခုံတစ်ဖက်က ထောင့်နားမှာ စိုက်ထားပါသော နှင်းဆီပင်ကို သွားကြည့်လိုက်သည်။ နှိုင်းရဲ့ယောက်ျားလေးက တကယ်ကို နှင်းဆီပန်းcrazyလေးပဲ...။ နှင်းဆီပင်ဆို တွေ့တဲ့နေရာမှာ ရရင်ရသလို ပြေးကြည့်တတ်သည်။ အခုလည်း ပြေးသွားတာ လှစ်ခနဲ...။

"အာ့...စူးလိုက်တာ''

မင်းရသရဲ့ထိုအသံကြားသောကြောင့် နှိုင်စခစေတန်တစ်ယောက် အပြေးသွားမိသည်။ ရသက သူ့ရဲ့လက်ထိပ်လေးကိုဖွဖွကိုင်ထားလျက်...။ထိုလက်ထိပ်လေးမှာလည်း သွေးစအနည်းငယ်ထွက်နေသည်။

"ဘာဖြစ်တာလဲ...ရသ''

"နှင်းဆီဆူးစူးသွားတာ မောင်''

From My Tears...Where stories live. Discover now