အခန်း ၁၇ (Unicode+Zawgyi)

2.8K 208 26
                                    

(Unicode)

ကျွန်တော်ငိုလို့ဝတဲ့အချိန်မှာ ပါးပြင်ကမျက်ရည်တွေကိုစမ်းကြည့်မိတယ်။ ဘယ်နှယ့်ဗျာ...စစကျခြင်း ပူနွေးနေပေမယ့် အခုကျတော့ အေးစက်လှချည်လား။တိုက်ခတ်နေတဲ့ လေအေးတွေက ကျွန်တော့်မျက်ရည်တွေကို ထပ်မံပြီး အေးခဲသွားစေပြန်တယ်။ ကျွန်တော့်ငိုကြွေးခြင်းဟာ တစ်ယောက်သောသူအတွက်လည်း အရမ်းကိုသက်ရောက်နေစေသလား...။

မငိုစမ်းပါနဲ့ကွယ်....။ ကျွန်တော့်ရဲ့ တစ်ယောက်သောသူအပေါ် ဝန်မပိစေချင်လို့ပါ။

_________________

မိမိလက်အား ဆုပ်ကိုင်ကာ ပြုံးပြီးခေါင်းငြိမ့် ပြနေပါသော မြတ်ပန်းမေအား မင်းရသကလည်း ပြန်၍ပြုံးပြလိုက်ပါသည်။ နူးညံ့စွာ ပြုံးလိုက်ရသည်ဆိုပေမယ့်လည်း ရင်ထဲတွင်တော့ နှလုံးခုန်နှုန်းတွေက အဆမတန်မြန် ဆန်လှပါသည်။ မင်းရသ ထိုနေရာမှာပင် နှလုံးခုန်မြန်ပြီး သေသွားနိုင်သလား? ခြေတွေလက်တွေကလည်း အေးစက်ကာ လက်ချောင်းတစ်ချောင်းချင်းစီအား သေချာကြည့်မည်ဆိုလျှင် တုန်လှုပ်နေသည်ကို တွေ့ရပေလိမ့်မည်...။

ပတ်ပတ်လည်မှာ အဖြူရောင်အခင်းအကျင်းတွေနဲ့ နေရာက မင်းရသအတွက်ကြည်နူးစရာ အရမ်းကိုကောင်းသည်။ မိမိဝတ်ထားသော အဖြူရောင်အနောက်တိုင်းဝတ်စုံလေးမှာလည်း ကိုယ်ပေါ်တွင်သေသပ်ချပ်ရပ်စွာ ရှိနေလေသည်။ ရင်ဘတ်နားက နှင်းဆီပွင့်အဖြူလေးကို ရသ လက်ဖြင့် ပွတ်သပ်လိုက်လေသည်။ နူးညံ့သော ပွင့်လွှာလေး၏ အထိအတွေ့သည် မိမိလက်တို့ပေါ်တွင် နေရာတကျ...။

တစ်ဖက်က သူ့လက်တို့အေးစက်ကာ တုန်ယင်နေသည်ကို သိသောမြတ်ပန်းမေသည် ရသလက်တို့အား ခပ်တင်းတင်းဆုပ်ကာ ဖြေလျော့ပေးနေသည်။

" ရသ... စိတ်အေးအေးထားလေ''

" ငါ အရမ်းတွေစိတ်လှုပ်ရှားနေတယ် ပန်းမေ... ''

" ဖြည်းဖြည်းနော်...စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချလိုက်။ ဘာမှတွေးပူမနေနဲ့...ပျော်စရာတွေသာ တွေးလိုက်ပါ''

ရသအသက်အား ခပ်ပြင်းပြင်းရှူလိုက်သည်။ ပန်းမေသည် သူ့လက်အား ဖွဖွလေးကိုင်လိုက်ကာ သူ့အားတွဲရင်း အဖြူရောင်အခင်းအကျင်းတို့ဖြင့် ပြည့်နှက်နေသော ခန်းမထဲသို့လျှောက်လှမ်းလိုက်သည်။ တစ်လှမ်းချင်းလျှောက်လိုက်တိုင်းမှာ ရသဟာ မျက်နှာကို အောက်ဘက်သို့သာ တစ်ဝက်ငုံ့ထားတာမို့ အဖြူရောင်ကော်ဇောကိုသာ စိုက်ကြည့်နေမိသည်။

From My Tears...Där berättelser lever. Upptäck nu