အခန်း ၂၉ (Unicode+Zawgyi)

2.7K 244 20
                                    

(Unicode)

မိုးရေစက်ကလေးများသည် မှိုင်းညို့ညို့ ကောင်းကင်ယံထက်ဆီမှ မြေပြင်ထက်ဆီသို့ ဆင်းသက်လာကြသည့်နောက်ဝယ် ပိတောက်ရနံ့တို့အား မြေသင်းနံ့လှိုင်လှိုင်က တမုဟုတ်ချင်း ဖုံးလွှမ်းသွားလေသည်။ မိုးစက်များက လူ့ခန္ဓာကိုယ်ဆီသို့ အေးစက်စက်အထိအတွေ့တို့ဖြင့် စိုရွှဲစေကာ အငြှိုးတစ်ခုအား ပုံအောကာ ရက်စက်နေသည့်နှယ်...။

ထို့အတူပင် လူသားလေးနှစ်ယောက်ပေါ်သို့လည်း ရွှဲရွှဲစိုစေလျက်...။

သို့တိုင် ထိုလူသားလေးနှစ်ဦးမှာကား မိုးရေစက်တို့အား မျက်နှာထက်မှအပြုံးတို့ဖြင့်အံတုကာ နှလုံးသားဆီတို့မှ နွေးထွေးခြင်းတို့ ထပ်တူကျကြလျက်...။

မိုးသည် ထိုနှစ်ဦးအား မလွှမ်းမိုးနိုင်ခဲ့...။သူတို့နှစ်ဦး၏ အိမ်အပြန်လမ်းသည် မိုးစက်တို့ကြား အေးစက်နေသော်လည်း ပျော်ရွှင်မှုတို့အတိဖြင့်သာ...။

နှစ်ဦးစလုံးမှာ ထီးနှင့်မိုးကာ ပါပါသော်လည်း ဝဏ္ဏမင်းထင်၏ မိုးကာလေးတစ်ထည်ကိုပင် နှစ်ယောက်သား ထောင့်စွန်းလေးများ တစ်ဖက်စီကိုင်ကာ အတူပြန်ခဲ့ကြလေသည်။

>>>>>>>>>>>>>>>>>>>>>>>>>>
[လက်ရှိကာလ - ကမ်းလင့်သောလက်]

ခွမ်း...။

အိမ်သို့ပြန်ရောက်ရောက်ချင်း ကြားလိုက်ရသည့် တစ်စုံတစ်ခုပြုတ်ကျ ကျကွဲသံလိုလို ခွမ်းဟူသော အသံကြောင့် အိမ်ထဲသို့ အမြန်ဝင်လိုက်မိသည်။

အိမ်ထဲသို့လည်း ရောက်ရော ထိုအသံက နောက်ဖေးမီးဖိုခန်းမှလာသည်ဖြစ်သဖြင့် ပြေးကြည့်လိုက်ရာ မီးဖိုချောင်ထဲမှာ ဖင်ထိုင်ရက်ပြုတ်ကျကာ လဲနေပါသော မင်းရသ...။

နှိုင်းခစေတန် သူ့နားကိုသွားကာ ပြေးထူလိုက်လေသည်။ မင်းရသမျက်နှာက နာကျင်မှုတို့ကြောင့် အနည်းငယ်ရှုံ့မဲ့နေသည်။ ဘေးနားမှာလည်း ဖန်ကွဲစတွေ...။ သူဘာတွေလုပ်နေတာလဲ?

" မင်းဘယ်လိုဖြစ်ပြီး ပြုတ်ကျရတာလဲ...မင်းရသ။ ဒီဖန်ကွဲစတွေကရော''

" ငါဟိုးစင်ပေါ်က ဖန်ဘူးအလွတ်ကိုယူတာ...ထည့်စရာရှိလို့။ အဲ့ဒါမမှီတာနဲ့ ခုံခုပြီးယူတာ...ပြီးတော့...''

From My Tears...Where stories live. Discover now