အခန်း ၃၇ (Unicode+Zawgyi)

2.8K 200 6
                                    

(Unicode)

နှလုံးသားဟာ မောင့်အနမ်းတွေအောက်မှာ တစ်ဖန် တရစပ်ခုန်ပေါက်လို့ သွေး​ကြောတွေအကုန်လုံးကို ပူလောင်ပြင်းရှစေကာ ပါးပြင်နှစ်ဖက်မှာလည်း နီစွေးပူနွေးလျက်...။

နှိုင်းခစေတန်သည် မင်းရသ၏နှုတ်ခမ်းတွေကို အလွတ်မပေးပဲ သူ့စိတ်ကြိုက်အတိုင်းပြုမူနေတော့သည်။ လက်တစ်ဖက်က ရသရဲ့ခပ်သိမ်သိမ် သေးသွယ်သည့်ခါးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ နီစွေးစွေးပါးပြင်အား အုပ်မိုးကိုင်ထားသည်။ ထိစပ်ဧရိယာ နှုတ်ခမ်းနှစ်လွှာအပြင် နှာခေါင်းထိပ်တွေကလည်း မထိတထိ ပွတ်တိုက်လျက် နူးညံ့ခြင်းအတိ။

မင်းရသ၏ နှင်းဆီဖူးရောင် နှုတ်ခမ်းတွေသည် နှိုင်းခစေတန်အား အကြိမ်ကြိမ်သတ်သည်။လုံးဝ အရှိန်မရပ်တန့်သွားအောင် ညှို့ငင်လျက်...။ နူးညံ့သော နှုတ်ခမ်းလေး ​၏ အထိအတွေ့က လူကိုရူးခါနေအောင် ပြုစားလွန်းပါသည်။

စုန်းထီးလေး...။

မင်းကတကယ်စုန်းထီးလေးပဲ မင်းရသ။

ငါ့ကိုအမြဲတမ်း ပြုစားသွားတဲ့စုန်းထီးလေး။

အိပ်မရအောင် ပြုစားသွားတဲ့ စုန်းထီးလေး။

မုန်းချင်တာတောင် မုန်းလို့မရတဲ့ စုန်းထီးလေး။

မင်းနဲ့ပက်သက်လာရင် အရာရာကို အသေးအဖွဲလေးကစ ဂရုစိုက်မိနေအောင် လုပ်တဲ့ စုန်းထီးလေး။

စုန်းထီးလေးရဲ့ ပြုစားညှို့ငင်မှုတွေအောက်ကနေ ဘယ်လိုများ လွတ်နိုင်ပါ့မလဲ?

ဒါပေမယ့် နှိုင်းကတော့ ဒီစုန်းထီးလေးရဲ့ ပြုစားမှုကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။

ဖြစ်နိုင်ရင် ကိုယ့်တစ်ယောက်ထဲကိုသာ ညှို့ယူပြုစားစမ်းပါ မင်းရသရယ်...။

အချိန်တွေ တဖြည်းဖြည်းကြာလာသည်နှင့်အမျှလည်း နှိုင်းခစေတန်ရဲ့ ဦးဆောင်မှုတွေက လုံးဝနှောင့်နှေးမသွားပဲ မင်းရသကို အလုံးစုံလွှမ်းမိုးနေဆဲ...။ မင်းရသတစ်ယောက်ကတော့ ကိုယ်စခဲ့သည့် ဇာတ်မို့ ကိုယ်ကပင် အဆုံးသတ်ဖို့လုပ်တိုင်း ထပ်ခါထပ်ခါ လွှတ်မပေးသည့် သူကြောင့် ရုန်းလေနစ်လေဖြစ်ရသည်။အနမ်းတွေအောက်မှာ အကြိမ်ကြိမ် ပျော်ဝင်သက်ဆင်းရသည်။

From My Tears...Where stories live. Discover now