အခန်း ၃၅ (Unicode+Zawgyi)

2.5K 180 2
                                    

(Unicode)

မင်းရသသည် ဝဏ္ဏမင်းထင်ကို ကြည့်ပြီး ခပ်ရေးရေးလေးပြုံးလိုက်သည်။ မကြာခင်မှာတော့ မေမေက အိမ်လယ်မှ စားပွဲဝိုင်းပုကို အိမ်ရှေ့သို့ချလာခဲ့သည်။

" ဝဏ္ဏလည်း မပြန်နဲ့ဦးနော်။ အန်တီက ရသမွေးနေ့တိုင်း နို့ဆန်ပြုတ်ပြုတ်ပေးနေကျ။ အခုလည်းပဲ ပြုတ်ထားတယ်။ သားကြိုက်ရဲ့လား?''

" ဟုတ်...ကြိုက်ပါတယ်အန်တီ''

" ရသတို့ကတော့ ငယ်ငယ်ထဲက နို့ဆန်ပြုတ်ဆို အရမ်းကြိုက်တာ...''

မေမေက မီးဖိုချောင်းထဲသို့ ပြန်ဝင်သွားချိန်မှာတော့ ဝဏ္ဏမင်းထင်က မင်းရသဘက်သို့လှည့်ကာ...

"ယောက်ျားလေးက နို့ဆန်ပြုတ်အရမ်းကြိုက်တာပဲလား?''

" အင်း...ကြိုက်တယ်။ ငယ်ငယ်ကဆို မေမေက တစ်လတစ်ခါ ငါနဲ့ဖေဖေ့အတွက်ပြုတ်ပေးနေကျ...''

မင်းရသသည် ထိုစကားပြောပြီးမှ ကိုယ့်ပါးစပ်ကိုယ် ပြန်ပိတ်ရိုက်ချင်မိသွားသည်။ ကံကောင်းပေလို့ပေါ့...မေမေ့ရှေ့မှာ ဒီစကားမထွက်လို့။

ဝဏ္ဏမင်းထင်လည်း မျက်နှာပျက်သွားသော မင်းရသကိုကြည့်ပြီး ဘာမှမပြောနိုင်။ ရသရဲ့ အဖေက ဒီမှာမရှိတော့တာတော့ သူသိပေမယ့် သေသွားပြီဟုလည်း သူမထင်မိ။ သူနဲ့ရသက ချစ်သူတွေဖြစ်ပေမယ့်လည်း သူရသတို့မိသားစုအကြောင်း ဘာကိုမှ တစ်စွန်းတစ်စ မမေးမြန်းခဲ့...။

အခုသူ့ကြောင့် ရသ နာကျင်စရာအတိတ်တွေကိုပြန်တွေးမိပြီး စိတ်မကောင်းဖြစ်သွားတာလား?

အိမ်နောက်ဖေးက အန်တီက ပန်းကန်လုံးလေးတွေကို စားပွဲပုလေးပေါ်သို့ ချပေးလာခဲ့သည်။ ထို့နောက်...

" သား...ပန်းမေရော။ သူ့ကိုလည်း ခေါ်ဦးလေ။ ကျောင်းပြန်လာတုန်းက အတူတူ မပြန်လာကြဘူးလား?''

" ဟင့်အင်း...မေမေ။ ညနေက သူခေါင်းနည်းနည်းမူးနေလို့ဆိုပြီး ကျောင်းလွှတ်တာနဲ့ တန်းပြန်သွားတယ်''

" ဟုတ်လား? ဒီကလေးမလေး နေမကောင်းဘူးနဲ့တူတယ်။ ကဲ...အဲ့ဒါဆိုလည်း မေမေ ချိုင့်ထဲထည့်ပေးလိုက်မယ်။ သား ပန်းမေတို့အိမ်ပြေးလိုက်ပါဦး...''

From My Tears...Where stories live. Discover now