အခန်း ၄၆ (Unicode+Zawgyi)

1.7K 115 0
                                    

(Unicode)

ပတ်ဝန်းကျင်တစ်ခုလုံး သာမာန်ထက်ပို၍ အေးစက်ခြင်းအရိပ်အငွေ့တို့ လွှမ်းခြုံသွားသည်ဟု မင်းရသထင်လိုက်ပါသည်။သူ့ပါးပြင်ပေါ်မှ နာကျင်နေမှုကလည်း စပ်ဖျဥ်းဖျဥ်းနှင့်...။မျက်ရည်တွေက ကိုယ်မငိုပါပဲနှင့် ပါးပြင်ပေါ်သို့ တောက်လျှောက်တရစပ်ကျဆင်းလာခဲ့သည်။နှုတ်ခမ်းပါးတို့က တုန်ယင်နေပြီး မဟူရာမျက်ဝန်းတို့က မေမေ့ကိုစိုက်ကြည့်နေမိသည်။

"သား...သားရယ်''

မေမေက သူ့ကိုငုံ့ကြည့်ကာ ငိုပြီးသူမရင်ခွင်ထဲထည့်ကာ ဖက်ငိုသည်။

"မေမေတောင်းပန်ပါတယ်...သားရယ်။အဲ့ဒီကောင်လေးကို မေ့လိုက်ပါ။မေမေတောင်းပန်ပါတယ်...မေမေ့ဆန္ဒလေးကိုဖြည့်ဆည်းပေးပါ။''

မေမေက ဖေဖေနဲ့ရန်ဖြစ်တုန်းကငိုသည်ထက် ပို၍ပို၍ ရှိုက်ကြီးတငင်ငိုနေသည်။ သူ့မျက်ရည်တွေကို လက်ခုံဖြင့်ပွတ်ကာသုတ်မိသည်။ဘာလို့ မေမေကသူ့ချစ်ခြင်းကို နားမလည်ပေးနိုင်ရတာလဲ?သူက ဘာဖြစ်နေလို့လဲ?

"မေမေ...သားနဲ့ဝဏ္ဏက ဒီအတိုင်းချစ်ကြတာလေ။ဘာလို့လက်မခံပေးနိုင်တာလဲဟင်''

မေမေကသူ့အနားမှ ထသွားကာ နံရံကိုမှီပြီးငိုသည်။ဒီအချိန်မှာတော့ မေမေငိုရှိုက်နေတာကို သူဘေးကနေ အားမပေးနိုင်ပါ။တောင်းပန်ပါတယ်...သားဝဏ္ဏကိုအရမ်းချစ်တယ်။ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်သူ့ကိုမစွန့်လွှတ်နိုင်ဘူး။ဒါပေမယ့် ရသအနေနဲ့လည်း မေမေကနှလုံးရောဂါသည်ဖြစ်၍ ဘာကိုမှအရဲစွန့်ပြီးလုပ်မရပါ။ဝဏ္ဏနဲ့ ထွက်ပြေးဖို့ဆိုတာကလည်း အစထဲက မဖြစ်နိုင်သည့်အလုပ်တစ်ခု...။သူတို့မှာ ဘာများရွေးချယ်စရာရှိနေလို့လဲ?ဝဏ္ဏမင်းထင်ကို မင်းရသဆိုတဲ့သူကသိပ်ချစ်လွန်းလို့ အဆုံးရှုံးမခံနိုင်ဘူး။အရမ်းချစ်လွန်းလို့...။

အချိန်အတော်တန်ကြာသည်အထိ မေမေနဲ့ရသ အိမ်ရှေ့ခန်းမှာ ငိုရှိုက်နေခဲ့ကြသည်။မေမေအနေနဲ့ချက်ချင်းကြီး လက်ခံပေးဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရသ သိပါသည်။သို့ပေမယ့် မေမေလက်ခံလာအောင် ကြိုးစားချင်သည်။သူနဲ့ဝဏ္ဏလို ယောက်ျားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကလည်း သာမာန်လူတွေရဲ့ချစ်ခြင်းတွေနှင့် မည်သို့မျှ မခြားနားကြောင်း လက်ခံလာစေချင်သည်။

From My Tears...Место, где живут истории. Откройте их для себя