အခန်း ၁၈ (Unicode+Zawgyi)

2.6K 220 38
                                    

(Unicode)

အခုဆိုလျှင် မင်္ဂလာပွဲအပြီးမောင်နဲ့ရသနှစ်ဦးနေရန် ပန်းမေလက်ဖွဲ့ထားသော အိမ်လေးသို့ ရောက်ရှိခဲ့လေပြီ။ အိမ်အပြန်လမ်းမှာ တစ်လမ်းလုံး မောင်ကသူ့ကိုစကားပင်မပြောခဲ့သလို သူကလည်းမောင့်အား အရိပ်တကြည့်ကြည့်နှင့် စကားပင်မပြောခဲ့ပါ။တိတ်ဆိတ်နေခြင်းတို့ဖြင့် အေးစက်ကာ အကြည့်လေးတစ်ချက်တောင် သူ့အားမစွန့်ကြဲခဲ့ပါ။ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်လိုက်ရတာဆိုတော့မင်းဘယ်ပျော်ပါ့မလဲ။ ငါ့အမှားပါ နှိုင်းခစေတန်...။

မင်းရသကရော? အင်း...ရသက ဘယ်လိုခံစားရသလဲဆိုတော့ ပျော်တာပေါ့။အရမ်းပျော်တာပေါ့။ ကိုယ်ချစ်ရတဲ့ လူသားနဲ့လက်ထပ်လိုက်ရတော့ ဘယ်မပျော်ပဲရှိပါ့မလဲ။ တစ်ခုလေးပဲ ခြွင်းချက်ပါ။ချစ်ခြင်းမေတ္တာကို မရခဲ့လေခြင်းပေါ့...။ မင်းရသ ချစ်ရသူအနားမှာ နေရခြင်းကိုပင် အကြိမ်ကြိမ်အခါခါ ကံတရားအားကျေးဇူးတင်နေမိသည်။ ဒီလောက်လေးပဲ...အင်း ဒီလောက်လေးပါပဲ။

ပါးပြင်ပေါ်သို့ မျက်ရည်တွေကလည်း မငိုပါပဲနှင့် ကျဆင်းလာလေသည်။ တစ်ယောက်သောသူ အကြောင်းတွေးလိုက်တိုင်း ဟောဒီမျက်ရည်တွေက မငိုပါပဲ ကျကျလာတတ်တာ။သိပ်မုန်းဖို့ကောင်းလိုက်တာ...။ ငါလည်း ကိုယ့်ကိုကိုယ် သူများဘဝကို ချုပ်နှောင်တဲ့ ဗီလိန်ကြီးမဖြစ်ချင်ပါဘူး မောင်။ မင်းရသဆိုတဲ့ကောင်ကလေ ဒီတစ်ကြိမ်လေးပဲ အတ္တကြီးမိတာပါ...။ မင်းကိုချစ်လို့။

မင်းရသ အိမ်ရှေ့ဒန်းပေါ်မှာ ထိုင်နေတုန်း အိမ်ထဲမှ ခြေနင်းသံတဒုန်းဒုန်းတို့အား ကြားလိုက်ရသည်။ မကြာမီမှာပင် နှိုင်းခစေတန်က အိမ်ပြင်သို့ ကားသော့ဆွဲကာထွက်လာသည်။ အချိန်ကလည်း ညခုနှစ်နာရီပင်ထိုးပေတော့မည်...။ဘယ်သွားမလို့ပါလိမ့်? ကားတံခါးအား ဖွင့်ရန်ပြင်နေသော နှိုင်းခစေတန်အား မင်းရသက...

"မင်းဘယ်သွားမလို့လဲ?''

နှိုင်းခစေတန်က မဖြေပဲ ကားပေါ်သို့သာ တက်သွားသည်မို့ မင်းရသကလည်း အပြေးသွားလိုက်ကာ ပိတ်ခါနီးတံခါးကို ကန့်လန့်ကိုင်လျက်...

From My Tears...Where stories live. Discover now