အခန်း ၂၀ (Unicode+Zawgyi)

3.3K 210 14
                                    

(Unicode)

ပန်းပွင့်ငယ်လေးနှယ် ထိုလူသားလေးသည် သူ၏ ထာဝရမူပိုင်ရှင်လေးသာ ဖြစ်လိုက်စမ်းပါတော့...။ အဖြူရောင်ပုံရိပ်လေးသည် သိပ်လည်း ရှက်တတ်ပါပေလား။ နူးနူးညံ့ညံ ပါးပြင်လေး၏ အထိအတွေ့သည် ဘယ်သောအခါမှ မေ့ရနိုင်မှာ မဟုတ်ပါလေသော အထိအတွေ့လေးတစ်ခု...။

__________

" ရသ...ရသ''

ဝဏ္ဏမင်းထင်၏ အပြင်ဘက်မှခေါ်သံကိုကြားနေပေမယ့်လည်း မင်းရသထွက်မလာရဲပါ။ ခုဏက ဝဏ္ဏမင်းထင်လုပ်ရပ်ကြောင့် ရင်ခုန်နေတာရော...အပြင်ကလူတွေကိုတွေ့မှာကြောက်လို့ရောပင်။ သို့သော် အိမ်သာထဲဝင်နေသည်မှာ ဆယ်မိနစ်ခန့်ပင် ရှိပြီဖြစ်နေ၍ မင်းရသစိတ်ကိုတင်းကာ အပြင်သို့ထွက်လာခဲ့တော့သည်။ သူထွက်ထွက်လာချင်း ပြေးလာပါသော ဝဏ္ဏအား လှမ်းတားလိုက်ကာ...

"ငါ့ဆီမလာနဲ့နော်...လက်မဆေးရသေးဘူး''

ကံကောင်းစွာနှင့်ပင် အပြင်ဘက်မှ မည်သူမှ ရှိမနေတော့ပါ။

" အင်းပါ...ဆေး ဆေး''

မင်းရသ ဝဏ္ဏနှင့်ခပ်ခွာခွာသို့သွားလိုက်ပြီး လက်သွားဆေးလိုက်လေသည်။ တကယ်ပါပဲ ဒီကောင်ဟာ ရင်ကိုအမြဲလိုလို စိုးထိတ်ရအောင် လုပ်တယ်။ဝဏ္ဏမင်းထင်အား မြင်နေရခြင်းက မင်းရသအဖို့ တော်တော့်ကို စိတ်တွေမတည်မငြိမ်ဖြစ်စေသည်။ မကြာသေးမှီက အဖြစ်ကို ပြန်တွေးကြည့်မိတော့လည်း သူကယောက်ျားတစ်ယောက်ဖြစ်ပါလျက် အရှက်သည်းပိုကာမူနေပါသော အပျိုဖြန်းလေးတစ်ယောက်နှယ် ပါးပြင်နှစ်ဖက်မှာ နွေးခနဲ...။

လခွမ်း!!! ဘာလို့မိန်းကလေးလိုမျိုး မျက်နှာတွေပူလာတာလဲဟ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရသအား ပထမဆုံး ရင်ခုန်အောင်လုပ်နိုင်သည့်သူမှာ ဝဏ္ဏမင်းထင်ပင်။ ထိုအခြင်းအရာကိုလည်း သူလက်မခံနိုင်ပါ...။သူ့ရဲ့ပထမဆုံး နှလုံးသားလေး၏ ပျော်မွေ့ရာသည် နွဲ့နွဲ့နှောင်းနှောင်း လှလှပပကောင်မလေးတစ်ယောက်မဟုတ်ပါပဲ သူ့ထက်တစ်နှစ်ကြီးပါသော၊ယောက်ျားဆန်လှပါသော ဝဏ္ဏမင်းထင်...။ ကိုယ့်ကိုကိုယ် စိတ်တွေများပြောင်းလဲနေပြီလားဟု စိုးထိတ် ထိတ်လန့်စွာ တွေးမိပေမယ့်လည်း မင်းရသသည် တကယ့်ကို ယောက်ျားစစ်စစ်ကြီး...။ အခုထိ မိန်းကလေးတွေကိုပဲ ကြိုက်သည် ခက်တာက ဝဏ္ဏမင်းထင်ရှေ့ရောက်ရင် ရင်တွေခုန်လာပြန်ရော...။

From My Tears...Where stories live. Discover now