Ending (Unicode+Zawgyi)

9.3K 227 23
                                    

(Unicode)

~~~~~~

အို...ချစ်ရသူ။

ချစ်ခြင်းတွေဟာ နှလုံးသားမှာ မှတ်ကျောက်တင်နေဆဲမို့

ကိုယ့်နှလုံးသားဟာ မင်းထံမှာပဲ တစ်ဖန်ပြန်လည် နစ်မွန်းကျွမ်းဝင်ခဲ့တယ်...။

စိတ်သန္တာန်က မှတ်ဉာဏ်တွေ မေ့ပျောက်လည်း

ကိုယ့်နှလုံးသားက မင်းနဲ့ပက်သက်တဲ့အချစ်တွေကို

အနက်ရှိုင်းဆုံးအထိ ကမ္ဗည်းထိုးခဲ့ပြီးသား...။

အချစ်ဆိုတာ...

တကယ်တော့ ကိုယ့်အတွက် နူးညံ့နက်ရှိုင်းလှတဲ့ ဟိုးအဝေးကြီးက ကြယ်တာရာငယ်လေး တစ်ပွင့်...။

အို...ချစ်ရသူ...

မင်းခိုင်းနှိုင်းထားခဲ့တဲ့အတိုင်း မင်းဟာနေကြာပွင့်ဖတ်လေးမဟုတ်ခဲ့ပါရယ်...။

ဉာဥ့်မှောင်ယံကိုခွင်း၊အလင်းဆောင်လို့ လောကဓာတ်ကိုအလင်းဖြာချ အေးမြစေတဲ့ လမင်းကြီးရဲ့ အနီးက ကြယ်တာရာငယ်လေးတစ်ပွင့်သာ...။

အို...ချစ်ရသူ...

ကိုယ်ဟာ လပြည့်ဝန်းကြီးဆို မင်းဟာ လပြည့်ဝန်းကြီးနံဘေးက အေးမြတဲ့မေတ္တာအလင်းဓာတ်တွေကို ခံယူအေးချမ်းစေမယ့် ကြယ်တာရာငယ်လေး...

မင်းဟာ ကိုယ့်နံဘေးက အေးချမ်းတဲ့မေတ္တာအပြည့်နဲ့ ကြယ်ပွင့်လေးတစ်ခုပါ...။

~~~~~~

"အန်ကယ်က ဘာကြောင့်ဒီလိုမျိုးစီစဥ်ခဲ့ရတာလို့ ပြောတာလဲ? ဘာကြောင့်လဲ?''

မြတ်ပန်းမေရဲ့အသံတွေက လေထုကိုအားပြင်းစွာထိုးဖောက်ဝင်ရောက်သွားပြီး တဆတ်ဆတ်တုန်ယင်နေတဲ့ နှုတ်ခမ်းနှစ်လွှာဟာ စိတ်ရဲ့ အံ့သြခြင်းတွေကိုဆောင်လို့ရယ်သူမလက်သီးကိုခပ်တင်းတင်းဆုပ်ထားမိသည်။တုန်ယင်နေတဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး မျက်စိရှေ့က ဦးမင်းစေတန်ကိုရဲဝံ့စွာ စိုက်ကြည့်လိုက်ပါတော့သည်။

"အန်ကယ်အရင်တစ်ခါက သမီးကိုပြောခဲ့တာ မှန်သင့်သလောက်မှန်ပါတယ်။သားကိုနိုင်ငံခြားကိုခေါ်သွားပြီး ကုခဲ့တယ်ဆိုတာလည်းမှန်တယ်''

From My Tears...Where stories live. Discover now