အခန်း ၆ (Unicode+Zawgyi)

5K 319 51
                                    

(Unicode)

ပြေးရင်းလွှားရင်း မောနေပြီလား နေကြာငယ်မင်းခြေထောက်တွေ ပေါက်ပြဲကုန်လည်း မင်းဆက်ပြေးနေမှာပဲ မဟုတ်လား? မင်းနှလုံးခုန်သံတွေမြန်လာပြီး အသက်ရှူဖို့ အရမ်းပင်ပန်းခက်ခဲလာလည်း မင်း ဆက်ပြေးနေမှာပဲ မဟုတ်လား? ဦးတည်ရာကလှမ်းမှီဖို့ ဝေးနေရင်လည်း မင်းဆက်ပြေးနေမှာပဲမဟုတ်လား?

သံသရာရဲ့ ဒီတစ်ထောင့်ဒီနေရာရဲ့ လမ်းကြောင်းလေး တစ်ခု...။နေကြာငယ်က တိုးညှင်းစွာ ဖြေသည်လေသူဆက်ပြေးနေဦးမှာပါတဲ့...ဘာဖြစ်လို့လည်း ဆိုတော့ ဒီလမ်းကြောင်းဟာ နေမင်းကြီးဆီ ဦးတည်နေတဲ့ လမ်းကြောင်းပေလို့နေမင်းကြီးဆီ ဦးတည်တဲ့သူ့လမ်းကြောင်းပေမို့ ရပ်န့်ခြင်းရှိပါလေဒဏ်ရာအထပ်ထပ်ကို မျက်ကွယ်ပြုပြီး သူဆက်ပြေးမည်

ခိုင်တော့တဲ့ ခြေထောက်တွေက ကြွေလွင့်သွားတဲ့ ပွင့်ဖတ်တွေလို...မှုန်ဝါးလာတဲ့ အမြင်တွေက တစ်မှုန်ချင်းလွင့်နေတဲ့ ဝတ်ဆံတွေလို...။ တစ်ချိန်မှာတော့ ညှင်းသဲ့သဲ့ လေရူးတွေက နေကြာငယ်အား နေမင်းကြီးဆီရောက်ပို့ပေးနိုင်ပါရဲ့လေ

အရမ်းကြီးတော့မျှော်င့်ပေယ့်လည်းပေါ့...။

______

တိတ်ဆိတ်နေသော အခန်းငယ်လေးထဲသို့ အခန်းတံခါးဖွင့်သံက ကျွီခနဲ ထိုးဖောက်ဝင်ရောက်လာသည်။ အလင်းရောင်စူးစူး အနည်းငယ်သာ ကျရောက်နေတဲ့ အခန်းလေးမှာ နေရောင်ခြည်တစ်ဝက်သာ ဖြာကျနေသော်ငြား နွေးထွေးလှပါသည်။ပြတင်းပေါက်မှတစ်ဆင့်တိုးဝင်လာသော လေပြည်နုညှင်းက တစ်ခန်းလုံးကို အေးမြစေလောက်နိုင်ပေမယ့် အတန်ငယ်နွေးနေပါသေးသည်။

From My Tears...Where stories live. Discover now