Extra-1 (Unicode+Zawgyi)

3.5K 109 4
                                    

(Unicode)

မင်းရသဆိုတဲ့ကောင်လေးရဲ့အပေါ်ကို ကျွန်တော်အမှားတွေအများကြီး ကျူးလွန်မိခဲ့တယ်။သို့တိုင် ကျွန်တော့်ချစ်ရသူဟာ ကျွန်တော့်ကို နားလည်ခွင့်လွှတ်ပြီးကျွန်တော့်ကိုယုံကြည်ပေးနေတုန်းပဲ...။

သိပ်ချစ်လွန်းသူမို့ အစပျိုးသူဖြစ်သည့်တိုင် သူ့အချစ်တွေကို ကျွန်တော့်ဆီမှာပဲ မြှုပ်နှံသိမ်းဆည်းထားတာ...။

နှိုင်းခစေတန်ဆိုတဲ့ ကျွန်တော်ကတော့ သူ့အပေါ်မှာ မတရားတာတွေပဲ ထပ်ခါထပ်ခါပြုလုပ်ခဲ့တဲ့သူတစ်ယောက်...။သူနဲ့ကျွန်တော့်ရဲ့ကြားကို စည်းတွေအထပ်ထပ်ကာရံပြီး ခြားစေခဲ့တာကလည်း ကိုယ်ကိုယ်တိုင်။ဒါပေမယ့်...အခုတော့ ကျွန်တော်သူ့ကိုလုံးဝ အဆုံးရှုံးမခံနိုင်တော့ဘူး။

ကျွန်တော့်ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံး ပေါ်ပေါက်လာတဲ့ အချစ်ဆိုတာထက် မြတ်နိုးလွန်းရတဲ့ မြတ်နိုးမှုလေးမို့ လုံးဝအဆုံးရှုံးမခံနိုင်လို့...။

မောင် တောင်းပန်ပါတယ်ကွာ...။ကျေးဇူးပြုပြီးတော့ ပြန်နိုးထလာခဲ့ပေးပါ။

မင်းမရှိတဲ့နေ့ရက်တွေ၊မင်းမရှိတဲ့ ညတွေဟာ နေကွယ်နေ့နဲ့ လမိုက်ညတွေလိုပါပဲလား...။

မင်းခန္ဓာကိုယ်လေးကို ထွေးပွေ့အိပ်စက်ခွင့်ရခဲ့တဲ့ ညတွေကိုပြန်လည်မက်မောတယ်။မင်းကိုရင်ခွင်ထဲထည့်ပြီး သွားလေရာနေရာတကာ ခေါ်သွားချင်လောက်အောင် ကိုယ့်နှလုံးသားက မင်းကိုတောင့်တနေတာ...။မင်းကိုယ့်အနားမှာ မရှိတော့မှာ၊ပျောက်ကွယ်သွားမှာကို ကိုယ်က သေမလောက်ကြောက်တာ...။

မဟူရာမျက်ဝန်းနက်ကလေးတွေ ပြန်လည်ပွင့်လာပြီး ကိုယ့်ကိုတလက်လက်နဲ့ အချစ်တွေအများကြီး ဆောင်ကြဥ်းသယ်ယူပြီး ပေးကမ်းလာတဲ့အကြည့်တွေကိုပြန်လိုချင်တယ်...။

မင်းမရှိတဲ့ နေ့ရက်တွေက...စီးကရက်တောင်မဖြည်ဆည်ပေးနိုင်လောက်အောင် လူကိုအထီးကျန်စေပါလား ရသရယ်...။မင်းကတော့ ကောင်းကောင်းကြီးမှေးစက်အိပ်ပျော်နေပြီး ကိုယ့်ကိုတော့ ကမ္ဘာပျက်အောင်လုပ်သွားတယ် ကောင်လေးရယ်...။မင်းမရှိရင် ကိုယ့်ကမ္ဘာကြီးက ကမ္ဘာပျက်ရက်မတိုင်ခင် ယိမ်းယိုင်လှုပ်ခတ်ကွဲအက်နေသလိုပဲ။

From My Tears...Where stories live. Discover now