အခန်း ၂၄ (Unicode+Zawgyi)

2.8K 196 16
                                    

(Unicode)

" ရသ...''

ဝဏ္ဏ၏ ခေါ်သံသည် နူးညံ့စူးရှလွန်း၍ မင်းရသ၏ ကျောရိုးတစ်လျှောက်ပင် စိမ့်တက်သွားသလားအောက်မေ့ရသည်။ ပြီးတော့ သူ့ရဲ့အကြည့်တွေ...။ ထိုအကြည့်တွေအား မင်းရသမရုန်းနိုင်။

ငါမင်းဆီမှာ တကယ်ကျရှုံးပြီနဲ့ တူတယ်...ဝဏ္ဏရယ်။

မိုးကာစွန်းလေးအား ဖြတ်ကာဖြတ်ကာ စီးဆင်းသွားပါသော မိုးရေစက်တွေအား နှစ်ယောက်လုံး သတိမမူမိတော့...။ အကြည့်တွေကသာ သံလိုက်စက်ကွင်းလို တစ်ယောက်နဲ့တစ်ယောက်ကြား ညှို့ယူလျက်...။ ပတ်ဝန်းကျင်ရှိ မိုးအအေးဒဏ်ကြောင့်ထင်  ဝဏ္ဏက သူ့နားသို့ကပ်လာသည်။ အရမ်းနီးကပ်မှုကြောင့် ဘေးချင်းတိုက်ခန္ဓာကိုယ်နှစ်ခုက လွန်စွာထိကပ်နေပြီး မင်းရသက ဝဏ္ဏ၏ ရင်ခွင်ထဲရောက်လုလုမဟုတ်တော့ပဲ ရောက်တောင်ရောက်နေလေပြီ...။

ထို့နောက် ဝဏ္ဏမင်းထင်က မိုးကာစွန်းလေးအား မကိုင်ရပါသော လက်တစ်ဖက်နှင့် မင်းရသ၏ ပုခုံးအား ဖက်လိုက်လေသည်။ ရသ နှလုံးခုန်သံတို့က မြန်ဆန်လာသလို ဘာမှမပြောနိုင်ပဲ ဒီအတိုင်းသာ ရပ်ကြည့်နေရသည်။ သူဟာ ဒီလောက်အေးတဲ့မိုးရေထဲမှာ ဒီလိုနေနေရသည်။

" မင်းချမ်းနေမှာစိုးလို့နော်...ရသ''

မင်းရသခေါင်းငြိမ့်မိလိုက်သလား မငြိမ့်မိလိုက်သလားမသိ။ထိုသို့ပြောပြီး ရှေ့ဆက်လျှောက်ပါသော ဝဏ္ဏမင်းထင်...။မင်းရသ ပါးပြင်နှစ်ဖက်ပူနွေးသွားလေသည်။ တကယ်ကို မင်းရသ ဝဏ္ဏမင်းထင်ဆီက ဘာတွေမျှော်လင့်လို့နေတာလဲ?သူရူးသွားပြီပဲ...။သူ့ဘေးမှ ဝဏ္ဏမျက်နှာသို့ မရဲတရဲလှည့်ကြည့်မိသည်။ ဘုရားရေ...သူက မင်းရသအား စိုက်ကြည့်နေသည်။ ထို့နောက် ပြုံးလာကာ...

" ဘာဖြစ်လို့လဲ?''

" ဘာ...ဘာမှမဖြစ်ပါဘူး...''

ဟက်ခနဲ ရယ်လိုက်ပြီး သူ့ပုခုံးပေါ်မှ ဝဏ္ဏ၏လက်တို့ ပိုမိုတင်းကြပ်သွားသည်ဟု သူထင်မိပါသည်။ ဝဏ္ဏမင်းထင်ဟာ မင်းရသအား တကယ်ကိုပြောင်းလဲစေခဲ့လေပြီ...။ သူ့နှလုံးသားအား ပြောင်းလဲစေကာ လှုပ်ခတ်စေနိုင်သောသူ။ တကယ်ပဲ မင်းက ငါ့ရဲ့ရင်ခုန်သံပိုင်ရှင်လား? မင်းကို ငါချစ်လို့ရလား ဝဏ္ဏမင်းထင်။

From My Tears...Where stories live. Discover now