အခန်း ၁၆ (Unicode+Zawgyi)

3K 216 22
                                    

(Unicode)

ချစ်ဖို့ကောင်းသော လူသားလေးတစ်ယောက်အား ကျွန်တော်ငယ်စဥ်ကတည်းက တွေ့ရှိခဲ့လေပါသည်။ ထိုလူသားလေး၏ အာရုံစိုက်မှုကို ကျွန်တော်ရရန် ကျွန်တော်သည် နည်းလမ်းတစ်မျိုးဖြင့် ကြိုးစားခဲ့သည်။ တကယ်လည်း သူ၏အာရုံစိုက်မှုအား ကျွန်တော်ရခဲ့သည်။

ချစ်ဖို့ကောင်းလို့ သူ့အနားမှာနေခြင်းထက် ယခုတော့ ထိုချစ်ဖို့ကောင်းသည်ဆိုသော စိတ်ကလေးထက်ပင်ပို၍ ကျွန်တော်တွေးမိတတ်နေလေပြီ။ ထိုလူသားလေးသည် ကျွန်တော့်အတွေးအား သိလေလျှင်....။

ခံစားမှုတို့အား မထိန်းချုပ်ကာ ပြတင်းတံခါးတစ်ခုနှယ်စိတ်အား ဖွင့်လှစ်ထားလိုက်သောအခါ နေ့နေ့ညည သူ့အကြောင်းသာစဥ်းစားမိနေသလို သူ့မျက်နှာလေးကိုပဲ မြင်ချင်လာသည်။ သေချာတာတစ်ခုကတော့ ကျွန်တော်စိတ်ကစားနေခြင်းမဟုတ်သည်ကိုပင်...။

______

" မင်းကဘာရယ်နေတာလဲ?''

မင်းရသသည် သူ့အားရှေ့ထားကာ ရယ်သွမ်းနေသော ဝဏ္ဏမင်းထင်အား ကြည့်ကာမျက်စောင်းထိုးရင်းပြောလိုက်သည်။ အမှန်တော့ သူရေခဲတုံးအပေါ်မှာ ကြောက်စိတ်က အနည်းငယ်တော့လျော့လာပြီဖြစ်သည်။ ထို့ကြောင့်လည်း ဤသို့ပြောလိုက်သည်မဟုတ်ပါလား? မိမိပြောလိုက်လျှင် တစ်ခုခုပြန်လုပ်လျှင်လုပ်၊ မလုပ်လျှင် အော်လိုက်မည်ထင်သော ရသ၏အတွေးသည် တခြားစီ။ သူသည် ရသအားရယ်သွမ်းလျက်ပင် ကြည့်နေသည်။

" ဘာလို့ရယ်တယ်ထင်လဲ?''

ရေခဲတုံး၏ မျက်နှာသည် ခုဏကနှင့်မတူစွာ ပြန်လည်အေးစက်တည်ငြိမ်သွားသောအခါ...။ ဟင်...ငါမှားသွားပြီလား ဘုရား ဘုရား...ဒုက္ခပါပဲ... မင်းရသ မင်းဘဝတော့သွားပြီ။ ဝဏ္ဏမင်းထင်သည် သူ့အားစိုက်ကြည့်နေသည်မှာ အလွန်ကိုအေးစက်လှပါသည်။ အေးစက်စက်အကြည့်တွေအား ရသခေါင်းလေးငုံ့ကာ မဝံ့မရဲ ကြည့်မိပါသည်။

" ငါ့နောက်လိုက်ခဲ့...''

ထိုသို့ပြောပြီး ထသွားလေပါသောသူ...။ မင်းရသလည်း လိုက်သွားရမလား၊ မလိုက်သွားရမလားစဥ်းစားနေချိန်မရတော့ဘဲ ကြောက်ကြောက်နှင့်သာ လိုက်သွားလိုက်ပါတော့သည်။

From My Tears...Onde as histórias ganham vida. Descobre agora