အခန်း ၁၁ (Unicode+Zawgyi)

3.1K 213 6
                                    

(Unicode)

မောင်သည် ပြုစားလေတတ်ပါသလား? ဟုတ်ပါသည်...မောင်သည် ပြုစားလေတတ်ပါသည်။ ဘယ်လိုမျိုးပြုစားတတ်ပါသလဲ? မောင်သည် သူ့အနားရှိနေချိန်တွင် လူတစ်ကိုယ်လုံးကို အင်အားချည့်နဲ့ပျော့ခွေအေးစက်သွားအောင် ပြုစားနိုင်စွမ်းရှိလေသည်။ ပြုစားလေသူပင် ပြုစားမှန်းမသိရအောင် မောင်သည်ပြုစားသူဖြစ်ပါသည်။

[အတိတ်ရပ်ဝန်း-ပျော်ရွှင်မှုဆီလှမ်းရာ]

<<<<<<<<<<<<<<<<<<

" ရသ...''

နေ့လည်ထမင်းစားချိန်မှာ သူ့ဘေး လာကာ ဝင်ထိုင်သော ​မြတ်ပန်းမေ။ ရသ၏ အတန်းသည် ဘေးတွင်မည်သူမှ မထိုင်သည်မို့ ပန်းမေသည် အေးအေးဆေးဆေး လာလို့ရပေသည်။ သူမက ရသဆီသို့ မုန့်ထုပ်ထိုးပေးကာ...

" ရော့...စားဦး''

" တော်ပြီ ပန်းမေရာ...။ ငါထမင်းစားပြီးတော်ပြီ''

" နင်ကလည်း...ငါတို့လည်း ထမင်းစားပြီး မုန့်ဝယ်စားတာပဲကို။ အချိုလေးဘာလေးပေါ့။ ရော့လို့...''

မင်းရသလည်း သူ့မျက်နှာဆီသို့ မုန့်ထုပ်ကို အတင်းထိုးပေးနေသော ပန်းမေကြောင့် သက်ပြင်းသာချကာ မုန့်တစ်ခုယူစားမိသည်။ ထိုတော့မှ ပန်းမေက ရယ်လိုက်ကာ အစထဲက ယူလိုက်ရင်ပြီးရော ဆိုသည်။

" နင်မြန်မာစာတွေပြန်ကြည့်နေတာလား?''

" ဟုတ်တယ်...ဒီနေ့လည် မြန်မာစာဆရာမ ခက်ဆစ်တွေ အလွတ်ရေးခိုင်းမယ်ဆို...''

ရသအပြောကြောင့် ပန်းမေက...

" ဟင်...တကယ်လား? ငါမသိရပါလားဟာ။ ''

" မနေ့ကမှ ဆရာမ အတန်းထဲက မထွက်ခင်ပြောသွားတာလေ...။ နင်မကြားလိုက်ဘူးလား?''

သူပြောမှ မျက်နှာရှုံ့မဲ့မဲ့နှင့် ပန်းမေ။ သူမသည် အိမ်စာတွေကျက်စာတွေ မေ့တယ်ဆိုတာရှားပါသည်။ အခုတော့ဖြင့် မကြားလိုက်ဘူးတဲ့လား။

" နင်မကြားရအောင် ဘာတွေလုပ်နေလို့လဲ ပန်းမေရ''

တကယ်တော့ မြတ်ပန်းမေသည် မနေ့ကဆရာမအတန်းထဲမှ ထွက်သွားပြီဆို၍ လွတ်လပ်ပြီထင်ကာ အတန်းနောက်မှ ကောင်မလေးများထံမှ ကိုးရီးယားမင်းသားပုံများကြည့်နေခြင်းသာ...။

From My Tears...Onde histórias criam vida. Descubra agora