အခန်း ၁၅ (Unicode+Zawgyi)

3K 208 16
                                    

(Unicode)

စကြဝဠာထဲတွင်ရှိသည့် သန်းပေါင်းများစွာသော ကြယ်တာရာတို့၏ တောက်ပမှုသည် လမင်းကြီး၏ နံဘေးတွင်သာ ထွန်းတောက်လျက်ရှိသော တာရာငယ်လေးအား မှီနိုင်ပါ့မလား? အစုအဝေးတောက်ပသော ကြယ်တာရာအုပ်စုတို့ထက် သူ့နံဘေးက တာရာငယ်လေးကသာ လမင်းကြီးအတွက် မတောက်ပဆုံးဟုမှတ်ယူခဲ့ပါသည်။ ထိုတာရာငယ်သည် လမင်းကြီးအတွက် တန်ဖိုးဖြတ်နိုင်သော အရာလေးတစ်ခုပင်...။

______

မင်းရသ၏ မျက်ရည်တို့သည် မိမိအောက်က ပါးပြင်နှင့်ထိကပ်နေသော ခေါင်းအုံးလေးပေါ်တွင် စိုရွှဲနေလေပြီ...။ ဆောရီးပါ...ငါမင်းကို ငါ့မျက်ရည်တွေနဲ့ ဒုက္ခပေးမိပြီ။ ငါ့နာကျင်မှုတွေကို မင်းဆီပဲ ဖွင့်ပြလို့ရမယ်ထင်ပါရဲ့...။ ငါ့နှလုံးသားထဲက စကားသံတိုင်းမင်းနားထောင်ပေး ငါ့မျက်ဝန်းတွေထဲက အရည်ကြည်တွေကို မင်းနှစ်သိမ့်ပေး...။ ငါ့မှာ အဖော်မွန်ဆိုလို့ မင်းပဲရှိတာမလား...။ ငိုကြွေးစရာရင်ခွင်ဆိုလို့ မရှိတဲ့အခါ မင်းကိုပဲ မျက်နှာအပ်ပြီး ငါဖွင့်ချပါရစေ...။

ငါပျော်ခဲ့တယ်...သိလား ခေါင်းအုံးလေးရယ်။ ဒါပေမယ့် ကံကြမ္မာကြီးက ငါ့ကိုပျော်ခွင့်မပေးဘူးကွာ...။ ငါကလေ မောင့်ကိုသိပ်ချစ်တာ။ မောင့်ကိုသိပ်ချစ်ဖို့ မောင်ရှိရာဆီ လက်လှမ်းမိတယ်။ ဒါပေမယ့် မောင်က အကြိမ်ကြိမ်ကြိုးစားနေတဲ့ ငါ့ရဲ့ မောင့်ကိုမမှီတဲ့ လက်ကိုပုတ်ချတယ်။ စကားနာတွေနဲ့ပေါ့...။ ငါအကြိမ်ကြိမ်လဲပြိုတယ်။ ဒါပေမယ့် အဲ့ဒီထိတိုင် မောင့်ကိုဆက်လက်ချစ်နေဆဲပဲ...။ ငါကငတုံး...။

အခုချိန်မေမေများသာရှိနေသေးရင် မင်းရသအား ငယ်ငယ်က ဖေဖေရှိသည့်အိမ်သွားလို့ဆိုသလိုမျိုး ခြေသလုံးတွေကို အရှိုးလိုက်အရှိုးလိုက်ထင်နေအောင် ရိုက်မလား? သားရယ်လို့ သူ့ဆံနွယ်လေးတွေကို ဖွဖွပွတ်သပ်ပြီး သူမရင်ခွင်ထဲထည့်နှစ်သိမ့်စေမလား? ယောက်ျားတစ်ယောက်ကိုချစ်မိတဲ့ ယောက်ျားတစ်ယောက်မလို့ မျက်နှာချင်းမဆိုင်ပဲ ခေါင်းရှောင်နေမလား? အတိအကျပြောနိုင်သည့်တစ်ခုကတော့ မေမေသည် ဒီကမ္ဘာလောကတွင် မြူမှုန်လေးတွေအဖြစ်တောင် မရှိတော့ပါသော သူတစ်ဦး...။အချစ်ဆိုသည့်အရာအား နောက်တစ်ကြိမ်ပင်ကြုံလာလျှင် ကျောခိုင်းလှည့်သွားမည့်သူမျိုး...။ ရေစက်လွဲခဲ့သည့် အချစ်အတွက် နှလုံးသားကို အကွဲခံကာ အချစ်ကိုစွန့်ခွာခဲ့တဲ့ သူတစ်ဦး။

From My Tears...Where stories live. Discover now