Part 29 (Unicode)

Start from the beginning
                                        

ကျွန်မ - " ကုန်လို့ပဲ အခု မရှိတော့တာပေါ့... "

ရွှေရည်က ပါးစပ်ကို လက်နှင့် အုပ်ကာ ကြိတ်ရယ်နေ၏။

သန့် - " ဆနွင်းမကင်းတွေလည်း ပါသလားလို့ ... "

ကျွန်မ - " အင်း... ပါတယ်... ရေသန့်လာပို့တဲ့ ကောင်လေးကို ပေးလိုက်တယ်... "

သန့်က ကျွန်မအနားသို့ လျှောက်လာကာ ကျွန်မအား အနောက်မှ သိုင်းဖက်လိုက်လေသည်။

သန့် - " အသန့်လေးကို အဲ့လောက်တောင် သဝန်တိုတာလား... "

ကျွန်မ - " ဟယ် ... မတိုပါဘူး... ဘယ်မှာတိုလို့လဲ... "

သန့် - " ယမုံ ပို့လိုက်တဲ့ မုန့်တွေ အသန့်လေးကို မစားစေချင်လို့မလား... "

ကျွန်မ - " မဟုတ်ပါဘူး... ရေသန့်ပို့တဲ့ကောင်လေးကို သနားလို့ အရင်လည်း အိမ်မှာရှိတဲ့မုန့် ထည့်ပေးနေကျပဲကို... "

သန့် - " ကဲပါရှင်... မမ ပြောသလိုပဲ ထားပါတော့... အုန်းနို့ခေါက်ဆွဲ အဲ့လောက် အများကြီးစားပြီး သွေးတိုးရင်တော့ အသန့်လေးရဲ့ အချစ်တွေက သွေးကျဆေး မဟုတ်ဘူးနော်... "

ကျွန်မ - " ဘာတွေလျှောက်ပြောနေတာလဲ... ရွှေရည် ရှိ.................."

ပြောနေရင်း ရွှေရည့်ထိုင်ခုံသို့ ကြည့်လိုက်လေရာ မယ်တော်ချောက ဘယ်တုန်းကတည်းက ထထွက်သွားသည် မသိ။

သန့် - " အသန့်လေး ကောင်းကောင်းကန်းကန်းပြောမယ်... ယမုံ ပို့တာမို့ မစားစေချင်ရင် မစားဘဲနေပေးလို့ရတယ်... ကိုယ့်အသက်လည်း ကိုယ်ပြန်ကြည့်ဦးနော် ဒေါ်သန္တာရောင်... သွေးတွေတိုးကုန်မှဖြင့် ... "

ကျွန်မ - " သြော်... မတိုးပါဘူးဆို... "

ကျွန်မ ထိုနေ့က သွေးမတိုးခဲ့ပါ... အဘယ့်ကြောင့်ဆိုသော် ကျွန်မ လုံးဝ မစားဘဲ ဘေးအိမ်ကို သွားပေးခဲ့တာလေ... ကျွန်မ အမှန်အတိုင်း ပြောလိုက်လျှင် ကျွန်မ သဝန်တိုတာ အလွန်အမင်း သိသာသွားပေလိမ့်မည်...

...................................................

ကျွန်မ ရေချိုးခန်းမှ ထွက်လာသောအခါ သန့်က မှန်တင်ခုံရှေ့၌ Mask တပ်ရင်း အလုပ်ရှုပ်နေလေသည်... တစ်ခါတစ်ရံတော့ စိတ်ရှည်လက်ရှည် skin care နိုင်သော သန့်ကို အားကျမိပါသည်။ ကျွန်မကတော့ စိတ်မရှည်ပါ... ထို့ကြောင့်လည်း အလုပ်ရှုပ်သက်သာလှပေသည်...

The Rope (Own Creation)Where stories live. Discover now