Part 29 (Unicode)

Start from the beginning
                                        

ကျွန်မ - " အစ်မ ပြောလိုက်တာ... မဟုတ်ဘူးလား... အဲ့ဒါ... "

Doctor - " မဟုတ်တာ... ဒါပေမယ့် အစ်မ သူ့ရဲ့ ဝမ်းကိုက်ပိုး အခြေအနေကို ညီမ မကြိုက်ဘူး... ဝမ်းကိုက်ပိုး ဆိုတာ ဦးဏှောက်ထဲ ရောက်ရင် သေနိုင်တယ် အစ်မ... ရွှေသန့်ကို အအေးမမိစေနဲ့ ... အခုတလော မိုးတွေလည်း တအားအေးနေတော့ မိုးမမိစေနဲ့ ... အစ်မကိုတော့ ညီမ အများကြီး မှာစရာလိုမယ် မထင်ပါဘူး... အစ်မက သူ့အကြောင်း ညီမထက် ပိုသိတာပဲကို... "

ကျွန်မ - " ထင်လို့ပါ ကျွန်မက အသန့်လေးရဲ့ စိတ်ကို နားလည်ပေမယ့် ဒီပတ်ဝန်းကျင်မှာ ခုထိ သဟဇာတ မဖြစ်သေးဘူး... ကျွန်မ သူ့အတွက် အင်အား မဖြစ်ပေးနိုင်သေးဘူး... "

Doctor - " အစ်မလို ချစ်သူကို ရထားတာ ရွှေသန့် တကယ် ကံကောင်းတယ်... ရွှေသန့်လို တအားထက်လွန်းတဲ့လူက အစ္မလို Supportive girlfriend နဲ့ တကယ်ကို လိုက်ဖက်တာ... "

ကျွန်မ - " ဒေါက်တာက မြှောက်နေတော့ ကျွန်မ တကယ် မနေတတ်တော့ဘူး... "

ကျွန်မတို့ အတူရယ်လိုက်ကြပါသည်။

သြော်... ရွှေရည် ... ရွှေရည်... တွေ့မယ်... တွေ့မယ်...

ဘာပဲဖြစ်ဖြစ် ယနေ့မှ စလို့ ကျွန်မအတွက် အိပ်မပျော်ညတွေ၊ အိပ်မက်ဆိုးတွေ ကင်းဝေးပေတော့မည်။

......................................................

ယနေ့ သန့်တစ်ယောက် အလုပ်နားရက်ဖြစ်သဖြင့် ရွှေရည်နှင့်အတူ Game Stream နေလေ၏။

Live Stream အပြီး နှစ်ယောက်သား အောက်သို့ဆင်းကာ ထမင်းစားခန်းထဲ ဝင်လာလေ၏။

ရွှေရည်က ထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်လေ၏။

သန့်က ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်ရင်း...

သန့် - " မမ ... မနက်က ယမုံတို့အိမ်က အုန်းနို့ခေါက်ဆွဲ လာပို့ထားတယ်မလား... အဲ့ဒါလေး နွှေးပေးပါလား... "

ကျွန်မ - " ကုန်ပြီ... "

သန့် - " ဟယ်... သူလာပို့တာ အများကြီးပါ... "

ကျွန်မ - " အင်း ... ငါ အကုန်စားလိုက်တာလေ..."

သန့် - " မမ အဲ့လောက် အများကြီး ကုန်တယ်လား... "

The Rope (Own Creation)Where stories live. Discover now