Part 29 (Unicode)

Mulai dari awal
                                        

သန့် - " ဟယ်... လူသေပေမယ့် နာမည်မသေဘူးဆိုတာမျိုးပေါ့... "

Doctor က သန့်အား မျက်စောင်းထိုးလိုက်လေ၏။ ထို့နောက် ဆေးအချို့ကို ထုတ်၍ ကျွန်မအား လှမ်းပေးကာ

Doctor - " အားဆေးတော့ ထိုးပေးထားခဲ့တယ် အစ်မ... သူ့ကို အပူအစပ် လုံးဝ မစားခိုင်းပါနဲ့ ... ဝမ်းကိုက်ပိုးကို တစ်ချက်ပြန်စစ်ကြည့်ဖို့ ညီမ ဆေးရုံမှာ Appointment ယူထားပြီးရင် အစ်မကိုပဲ လှမ်းဆက်လိုက်မယ်... ရအောင် ခေါ်ခဲ့ပါ... အစားအသောက်ကိုလည်း ဂရုစိုက်ပေးပါ အစ်မ... "

ကျွန်မ - " စိတ်ချပါ... ကျွန်မ ဂရုစိုက်ပါ့မယ်... ခက်တာက Doctor ရယ် သူ စားချင်တာ မှန်သမျှက သူနဲ့ မတည့်ဘူး... ဒါပေမယ့် သူ့ကိုယ်သူ ဂရုမစိုက်ဘဲ တအား အလိုလိုက်တာပဲ... "

Doctor - " ဟုတ်တယ် အစ်မ ... ညီမလည်း သူ့ကို ဆူတာပဲ... တစ်ခါ အသည်းအသန် ဖြစ်ပြီးရင် ခဏတော့ ငြိမ်သွားတယ် ပြီးရင် နေချင်သလိုနေတာပဲ ... အအေးမိရုံနဲ့တောင် ဝမ်းလျှောနေတဲ့ဟာ အနေအထိုင်လည်း လုံးဝ မဆင်ခြင်ဘူး... "

သန့်ကတော့ ကျွန်မနှင့် Doctor ပြောသမျှ သူမ၏ အတင်းတို့ကို ပြုံး၍ နားထောင်နေလေ၏။

ဒေါက်တာ ပြန်ရန် ကျွန်မက လိုက်ပို့ရင်း

ကျွန်မ - " ဟိုလေ... မေးရဦးမယ် သန့်ရဲ့ ကျောက်ကပ် အခြေအနေကရော ... အခု ဘယ်လိုလဲဟင်... "

Doctor - " Medical Check up တော့ သေချာ ပြန်လုပ်ရဦးမယ်... ဒါပေမယ့် အရင်ထက်တော့ အများကြီး သက်သာနေပါပြီ... သူ့အခြေအနေက လုံးဝ ပြန်ကောင်းနိုင်တာမျိုး မဟုတ်တော့ ဒီလောက် သက်သာတာကပဲ တော်သေးတယ် ဆိုရမယ်... "

ကျွန်မ - " ဒါဆို... တစ်နှစ်ထက် ပိုပြီးနေရနိုင်ချေ ရှိတာပေါ့နော်... "

Doctor - " ဘာကို တစ်နှစ်လဲ... "

ကျွန်မ - " အသန့်လေးရဲ့ အခြေအနေက တစ်နှစ်ပဲ ခံတော့မှာဆို... အခု သက်သာလာတယ်ဆိုတော့ တစ်နှစ်ထက် ပိုပြီး .................. "

ကျွန်မ၏ စကား မဆုံးမိပင် ဒေါက်တာက ဖြတ်၍

Doctor - " ရွှေရည် ပြောတာလား အစ်မ... "

ကျွန်မ - " အင်း... ဟုတ်တယ်... "

Doctor - " ဟယ်... ဒီကလေး တော်တော်မွှေတာပဲ... တလောကတင် အန်တီကြူ ငိုကြီးချက်မနဲ့ ဖုန်းဆက်မေးသေးတယ်... ရွှေရည် ပြောတာဆိုပြီး အသိတစ်ယောက်က ပြန်ပြောလို့တဲ့... "

The Rope (Own Creation)Tempat cerita menjadi hidup. Temukan sekarang