Part 29 (Unicode)

Start from the beginning
                                        

သန့် - " ဒါဆို ထားခဲ့ပြီနော်... "

အနားမှ ထွက်သွားသော သန့်၏ နောက်ကျောကို ငေးကြည့်မိလေသည်။

သည်ကလေးမ အဲ့လိုစကားတွေ ထပ်ပြောနေပြန်ပြီ...

နေ့ရက်တို့ကို လက်ချိုးရေတွက်ရင်း ရင်မောမိလေသည်။

......................................................

ကျွန်မ အိပ်ရာမှ နိုးလာချိန် နံဘေးတွင် သန့်ရှိမနေပေ။ အောက်ခဏဆင်းသွားသည် ထင်ပါရဲ့။ ကျွန်မလည်း မျက်နှာသစ်ရန် ရေချိုးခန်းဆီသို့ ထွက်လာလေ၏။

ရေချိုးခန်းတံခါးကို ဆွဲဖွင့်ရာ အထဲမှ Lock ချထားလေသည်။ ကျွန်မ တံခါးကို နှစ်ချက်ဆင့် ခေါက်လိုက်လေသည်။

"ဒေါက်... ဒေါက်... "

ကျွန်မ - " အသန့်လေးလား... "

သန့် - " ဟုတ်... ဟုတ်တယ် မမ... အာ့... "

ကျွန်မ - " အသန့်လေး ဘာဖြစ်လို့လဲ... "

သန့် - " ဗိုက်တအားအောင့်နေလို့... "

ကျွန်မ - " ကိစ္စပြီးရင် ထွက်ခဲ့... ဆရာဝန် လှမ်းခေါ်ထားမယ်... "

ကျွန်မ အမြန်ပင် ဖုန်းကို ပြေးယူ၍ ဆရာဝန်ထံသို့ ဖုန်းဆက်လိုက်လေသည်။

.............................................

ဆရာဝန်က ရောက်လာသည်နှင့် သန့်ကို မျက်မှောင်ကျုံ့ကြည့်ကာ ဆူလေသည်။

Doctor - " နင် အစားအသောက်ကို မဆင်ခြင်ပြန်ဘူးလား ရွှေသန့်... ငါ ဘယ်လိုပြောမှ နင်နားဝင်မှာလဲ... "

သန့် - " ဆင်ခြင်ပါတယ် အစ်မရယ်... အခုက စာရေးရင်း စားလိုက်တဲ့ အာလူးကြော်က ဘယ်လို ငရုတ်သီးပါလို့လဲ မသိဘူး... ညသန်းခေါင်လောက်ကတည်းက ခဏခဏ ဝမ်းတွေသွားနေတာ... "

Doctor - " ငါ နင့်ကို အာလူးကြော်ကို အချိုပြောင်းစားဖို့ ပြောထားတယ်လေ... ရွှေသန့် ငါနင့်ကို ဆူရတာ မောလာပြီ... နင့်မှာ ဝမ်းကိုက်ပိုး ရှိနေတဲ့ဟာ... ဒီအချိုးအတိုင်းသာဆို ဝမ်းလျှောပြီး သေတဲ့မသာဆိုပြီး နင် နာမည်ကြီးလိမ့်မယ် သိလား... "

The Rope (Own Creation)Where stories live. Discover now