ဝရံတာ၌ ရပ်ကာ ကြယ်တွေကို ငေးမောကြည့်နေမိသည်။
ဘယ်ချိန်ကတည်းက ရောက်နေသလဲ မသိသော သန့်က အနောက်မှနေ၍ ကျွန်မ၏ ခါးကို သိုင်းဖက်လိုက်ကာ
သန့် - " အိပ်မပျော်ဘူးလား... "
ခေါင်းလေးစောင်းကာ ကျွန်မ၏ ပါးကို ခပ်ဖွဖွနမ်းရင်း မေးလေသည်။
ကျွန်မ - " အင်း... တွေးစရာတွေ များနေလို့... "
သန့်က ကျွန်မအား သူ့ဘက်သို့ ဆွဲလှည့်လိုက်ကာ ကျွန်မ၏ မျက်နှာအား စိုက်ကြည့်နေလေသည်။
သန့် - " မမ ဘာဖြစ်နေတာလဲ... အသန့်လေးကိုပြော... အသန့်လေး အားလုံး ဖြေရှင်းပေးမယ်... "
ကျွန်မ - " ဘာမှ မဖြစ်ပါဘူး ကလေးလေးရယ်... "
သန့် - " ဘာမှ မဖြစ်ရင် ဘာလို့ ညကြီးသန်းခေါင် သက်ပြင်းတွေချပြီး ဝရံတာ ထွက်နေရတာလဲ... မမ တစ်ခုခု ဖြစ်နေပါတယ်... "
သန့်က ကျွန်မအား သိုင်းဖက်လိုက်ကာ
သန့် - " မမ ဘာတွေဖြစ်နေမှန်း မသိပေမယ့် မမဘက်မှာ၊ မမအနားမှာ အသန့်လေးရှိတယ်... မမ ဘာကိုမှ စိုးရိမ်နေစရာ မလိုဘူး... မမရဲ့ အခက်အခဲကို အသန့်လေးကို ပြောပြ ... အသန့်လေး မမအတွက် အကုန်လုံး ဖြည့်ဆည်းပေးမယ်... "
ကျွန်မက သန့်၏ ရင်ခွင်အတွင်းမှ ရုန်းထွက်လိုက်ကာ သန့်၏ မျက်နှာကို မော့ကြည့်ရင်း လက်နှစ်ဖက်ဖြင့် ပါးနှစ်ဖက်အား အုပ်မိုးကာ ထိုနှုတ်ခမ်းတစ်စုံအား မက်မက်မောမော နမ်းရှိုက်လိုက်မိလေသည်။
ထို့နောက် သန့်၏ မျက်နှာအား ငေးကြည့်ရင်း ဆံပင်တို့ကို သပ်တင်ပေးလိုက်ကာ
ကျွန်မ - " ကြောက်လို့... တို့နှစ်ယောက် ခြဲရမွာကို၊ ဝေးသွားရမှာကို ကြောက်လို့... မမမှာ အသန့်လေးက လွဲရင် ဘာမှ မရှိဘူး... အသန့်လေးသာ မရှိတော့ရင် မမလည်း သေရလိမ့်မယ်... မမကို အသန့်လေး ထားသွားမှာကို တွေးတွေးရင်း ကြောက်ကြောက်လာတယ်... ဒီရက်တွေ ဘယ်လိုမှ အိပ်လို့မပျော်ဘူး ကလေးလေးရယ်... မမ ကြောက်တယ်... မမ တကယ် ကြောက်တယ်... "
သန့်၏ ရင်ခွင်ထဲ တိုးဝင်ရင်း ငိုတော့ သန့်က ကျွန်မ၏ ခေါင်းအား ခပ်ဖွဖွပုတ်လေသည်။
သန့် - " ဘာစကားတွေ ပြောနေရတာတုန်းကွာ... အသန့်လေးက ဘာလို့ထားခဲ့ရမှာတုန်း အချစ်ရဲ့... မငိုနဲ့နော်... အသန့်လေး တကယ် မမကို ထားမသွားပါဘူး... ကတိပေးပါတယ်... "
သန့်က ကျွန်မ၏ ဆိုလိုရင်းကို နားမလည်တာပဲလား... သူ့ကျန်းမာရေးကို သူကိုယ်တိုင် နားမလည်တာလား... သန့်၏ စိတ်ကို ကျွန်မလုံးဝ မသိပါချေ။
သန့်က သူမအား မျက်နှာငယ်လေးနှင့် ငယ်ကြည့်နေသည့် ကျွန်မ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ထိကပ်၍ နဖူးအား ငုံ့၍ အနမ်းတစ်ပွင့် ခြွေခဲ့လေသည်။
သန့် - " အိပ်ကြရအောင်နော်... "
ကျွန်မ သန့်၏ လည်ပင်းအား လက်နှစ်ဖက်ဖြင့် ယှက်နွယ်ကာ ဖက်တွယ်ထားလိုက်လေသည်။ ပျားရည်ထက် ချိုမြိန်သော အခိုက်အတန့်များပင် ဖြစ်လေသည်။
နှုတ်ခမ်းဖျားမှ တစ်ဆင့် လည်ပင်းသို့ ကျရောက်လာသော အနမ်းပန်းများကြောင့် ကျွန်မ ခေါင်းမော့ထားလိုက်မိသည်။
သန့် - " ရေရော ချိုးရဲ့လား... "
ရုတ်တရက် ကြားရသော စကားသံကြောင့် သန့်အား ကျွန်မ တွန်းထုတ်လိုက်လေသည်။
ကျွန်မ - " သောက်ကလေး... "
......................................................
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 28 (Unicode)
Start from the beginning
