ဖြူစင်က ထိုအိမ်ကို ကျွန်မထံမှ လပေးနှင့် ငှါးလေသည်။

သို့သော် ကျွန်မ အိမ်လခ မယူရက်ပါ။ ဖြူစင့် အပေါ် ကျွန်မ အခြား လုပ်ပေးနိုင်သည့်အရာမှ မရှိဘဲ...

ကျွန်မကို ရွှေရည်က လာခေါ်တော့
ဖြူစင်က ငိုလေသည်။

ကျွန်မလည်း မျက်ရည်ကျမိသည်။ ကျွန်မ တစ်သက်လုံးနေခဲ့သည့် ဤနေရာကို ချစ်ရသူအတွက် စွန့်ခွာခဲ့သည်မှာ ကျွန်မ တရားရဲ့လား...
အချစ်မှာ တရားမျှတမှုဟူ၍ တသတ်မှတ်တည်း ပြဌာန်းထားသည်မှ မရှိတာ...
ကျွန်မတို့ ချစ်နေကြသရွေ့ ကျွန်မတို့ ဆုံးဖြတ်သမျှ၊ ပြုလုပ်သမျှ အရာအားလုံးမှန်နေသည်ပဲလေ...

......................................................

သန့်နှင့် အတူနေရသော ဘဝက ကျွန်မအတွက် မည်သည့်အရာနှင့်မျှ အလဲအထပ် မပြုနိုင်ပါချေ... ကျွန်မ၏ အရာအားလုံးကို ထားရစ်ခဲ့ရသည်မှာ တန်ပါသည်... နေ့နေ့ညည သူ့အနားရှိခွင့် နေရတာကိုက ဆုလာဘ်တစ်ပါးပဲလေ...

မနက်စာစားလေ့မရှိသော သန့်အတွက် မရိုးရအောင် မနက်စာပြင်ပေးရသည်မှာလည်း ငြီးငွေ့ဖွယ်မရှိပါချေ။ သန့်နှင့် ရွှေရည်တို့ ညီအစ်မနှစ်ယောက်သား၏ စကားနိုင်လုပွဲများမှာလည်း တစ်နေ့တစ်နေ့ မရိုးရပါချေ။

သန့်က ကျွန်မအား သူ့idol အန်တီနန်းထံသို့ ခေါ်သွားကာ သူ့ချစ်သူဟု မိတ်ဆက်ပေးလေသည်။ အန်တီနန်းက ကျွန်မ၏ လက်ကို ဆုပ်ကိုင်က " သမီးလေးကို အပ်ပါတယ်" ဟု ပြောလေရာ ကျွန်မ တကယ် ကြည်နူးမိလေသည်။

သန့်က အမာခံ Supporter များနှင့်လည်း ကျွန်မကို မိတ်ဆက်ပေးသည်။
သူတို့က သန့်ကို နှမြောကြသည်မှတစ်ပါး ကျွန်မအား ကြည်ကြည်ဖြူဖြူနှင့် ချစ်ခင်ပေးကြလေသည်။

ကုန်လွန်သွားသော နေ့ရက်တို့ကို ကျွန်မ လက်ချိုးရေတွက်ထားမိလေသည်...
အတူရှိနေစဉ် အမှတ်တရများစွာကို သိမ်းဆည်းထားရမည်လေ။

.............................................

ဟိုတွေးသည်တွေးဖြင့်ပင် သန့်နိုးလာသည်ကိုပင် မသိလိုက်ချေ...

The Rope (Own Creation)Donde viven las historias. Descúbrelo ahora