Part 28 (Unicode)

Start from the beginning
                                        

ဖြူ - " အင်း သိတယ်... Supporter အကြီးပိုင်းတွေလောက်ပဲ သိကြတာ... ဆရာမလည်း သိထားတာလား... "

ကျွန်မ - " အင်း... သိပ်မကြာသေးဘူး... ရွှေရည် ပြောပြတာ... "

ဖြူစင်က ကျွန်မအား မျက်တောင် မခတ်တမ်းကြည့်နေလေသည်။
ကျွန်မက ဖြူစင့်မျက်နှာအား စေ့စေ့ကြည့်လိုက်ကာ

ကျွန်မ - " ကျန်တဲ့ ကျောက်ကပ်တစ်ဖက်ကလည်း အခြေအနေ မကောင်းဘူး... ဆရာဝန်တွေ လက်လျှော့လိုက်ကြပြီ... "

ကျွန်မ၏ စကားအဆုံး ဖြူစင်က ယိုင်လဲသွားသဖြင့် ကျွန်မက လက်ကို ကိုင်ထိန်း ပေးလိုက်ရလေသည်။

ဖြူ - " ဆရာမ တကယ် ပြောတာလား... ဒါက အမှန်မဟုတ်ဘူး မလား... "

ကျွန်မ - " တစ်နှစ်ပဲ အာမခံနိုင်တယ်တဲ့... "

ဖြူ - " ဒါက ဘယ်လိုလုပ်... "

ကျွန်မ - " ဒီအကြောင်းတွေ ပြောပြပြီး ရွှေရည်နဲ့ တီကြူက အကူအညီ တောင်းခဲ့တာ... အသန့်လေးရဲ့ အချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းစေချင်လို့ ငါနဲ့ ပြန်တွဲစေချင်တယ်တဲ့... ငါလေ သူနဲ့ စတွေ့ကတည်းက ခုချိန်ထိ ငါ လုပ်သမျှ ဆုံးဖြတ်သမျှက သူ့ကို ချစ်လို့၊ သူ့အတွက် လုပ်ခဲ့တာတွေချည်းပဲ... ဖြူစင် နင် ... ငါတို့ကို လမ်းခွဲစေချင်သေးလား... "

ဖြူစင်က ဘာမှ ပြန်မဖြေဘဲ
ငိုသာငိုနေလေတော့သည်။

......................................................

အလုပ်မှ နှုတ်ထွက်ဖို့ ကျွန်မက အသက်လည်းမပြည့်၊ လုပ်သက်လည်းမပြည့်၊ ဆေးပင်စင်လည်း ယူ၍ မရသဖြင့် ကြန့်ကြာနေလေသည်။

ဖြစ်နိုင်မည်ဆိုပါလျှင် သန့်၏ အနား၌သာ နေပြီး နှစ်ယောက်သားအတူ အချိန်ဖြုန်းချင်သည်။ သို့သော် သုံးလခန့်ကြာခါမှ ကျွန်မ အလုပ်ထွက်ခွင့် ရလေသည်။

ကျွန််မ ရွာမှ ထွက်ခွာရန် အရာအားလုံး ပြင်ဆင်ပြီးချေပြီ။

မေမေ ခေါင်းချခဲ့သည့် ဤအိမ်ကို
ကျွန်မ မစွန့်ခွာချင်ပါ...
သို့သော် ကျွန်မ သန့်နှင့်လည်း မခွဲနိုင်တော့ပါ...
သမီးကို ခွင့်လွှတ်ပေးပါ မေမေ... သမီးရဲ့ လက်ရှိဘဝကို သမီး အကောင်းဆုံး ရှင်သန်ချင်ပါတယ်...

The Rope (Own Creation)Where stories live. Discover now