Part 28 (Unicode)

Start from the beginning
                                        

ကျွန်မ - " မဟုတ်ဘူး ဖြူစင် ... နင်ထင်တာ မှားနေပြီ... "

ဖြူ - " ဘာမှားတာလဲ... ဒီလောက် မျက်မြင်ကြီးလေ... ဆရာမသာ မမသန့်ကို တကယ်ချစ်ရင် အဲ့တုန်းက ဘာလို့ ထားခဲ့ရတာလဲ... "

ဖြူစင့်စကားကြောင့် ကျွန်မ ခေါင်းငုံ့လိုက်မိလေသည်။

ကျွန်မ - " အသန့်လေး ငါ့ကြောင့် ခက်ခဲနေရတာမို့လို့ ... ငါက ဝန်လျော့သွားအောင် ထွက်သွားပေးခဲ့တာ ... နင် သန့်ရဲ့ မာမီကို သိလား... သူ့မွေးစားအမေဆိုတဲ့ ဆရာမလေ... "

ဖြူစင်က ခေါင်းညိမ့်သည်။

ဖြူ - " အင်း... တီချယ်ဒေါ်အေးချမ်းခိုင် ... "

ကျွန်မ - " သူက ငါ့ကြောင့်နဲ့ သန့်ကို နေ့တိုင်း ပြဿနာရှာပြီး အပြစ်ပြောနေတာ ငါက ဘယ်လိုစိတ်နဲ့ ကြည့်ရက်ပါ့မလဲ... အသန့်လေးက အစကတော့ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ငိုတယ်... အသန့်လေးရဲ့ ငိုသံကို ငါ့မှာ နားထောင်နိုင်စွမ်း မရှိဘူး... နောက်တော့ အသန့်လေးက ငါသိရင် ဝမ်းနည်းမှာစိုးလို့ ငါ့ကို ဘာမှ မပြောတော့ပေမယ့် သူ မူးပြီး ငိုတာတွေကို ငါက သိနေတယ်... သူ့ သူငယ်ချင်းတွေကို သူပြောပြတဲ့ စကားတချို့ကို ငါပြန်ကြားရတာ ငါစိတ်သိပ်ပင်ပန်းရတယ်... ငါသိပ်ချစ်ရတဲ့လူက ငါ့ကြောင့် သူများအပြောအဆိုခံနေရတာ ငါရင်နာတယ်... ငါဘာမှ မတတ်နိုင်ခဲ့ဘူး... လမ်းခွဲလိုက်တာက ငါ့ရဲ့ တစ်ခုတည်းသော လုပ်နိုင်စွမ်းပဲ... ဒီလိုနဲ့ ငါတို့ဝေးခဲ့ရတယ်... "

ဖြူစင်က ကျွန်မကို ငေးကြည့်နေလေသည်။

ကျွန်မ - " ဒီလောက်ဆိုရင် နင် ငါ့စိတ်ကို နင်နားလည်ဖို့ ငါမျှော်လင့်ပါတယ်... "

ဖြူ - " ဆရာမ တကယ် ပြောနေတာလား... "

ကျွန်မ ခေါင်းညိမ့်လိုက်လေသည်။

ကျွန်မ - " အင်း... ပြီးတော့ အခု ပြန်တွဲနေတာကလည်း အသန့်လေးရဲ့ အမေရင်း တီကြူ ကိုယ်တိုင် ပြန်တွဲဖို့ ပြောခဲ့လို့ ... "

ဖြူ - " ဟင်... အန်တီကြူကလား... ဘာလို့... "

ကျွန်မ - " အသန့်လေး ကျောက်ကပ်တစ်ဖက်ခွဲထားရတာကို သိလား ... "

The Rope (Own Creation)Where stories live. Discover now