Part 28 (Unicode)

Start from the beginning
                                        

ကျွန်မ ဖြူစင့်ကို သွားရှာခဲ့လေသည်။ ဖြူစင်က ကျွန်မကို မြင်လေရာ ချက်ချင်း လှည့်ထွက်သွားလေသည်။

ကျွန်မ - " ကြိုမပြောမိတာကို ငါတောင်းပန်တယ်လို့ ပြောပြီးနေပြီလေ ဖြူစင်နှင်း... နင်က ဘာဖြစ်နေတာလဲ... ငါတောင်းပန်ရုံနဲ့ မကျေနပ်သေးဘူးလား... ငါ ဘာလုပ်ပေးမှ နင် စိတ်ချမ်းသာမှာလဲ... "

ကျွန်မ၏ စကားအဆုံး ဖြူစင်က ကျွန်မအား လှည့်ကြည့်လေသည်။

ဖြူ - " လမ်းခွဲလိုက်... "

ကျွန်မ - " ဘာ... "

ထိုစကားကြောင့် ကျွန်မ အံ့သြတကြီး ဖြစ်သွားသော်လည်း ဖြူစင်ကတော့ မတုန်မလှုပ် မျက်နှာသေဖြင့်

ဖြူ - " နှစ်ယောက်သား လမ်းခွဲလိုက်မှ ကျေနပ်မယ်... "

ကျွန်မ - " အသန့်လေးက ငါ့ကို လမ်းခွဲပေးမယ် ထင်နေတာလား... ငါ့ကို အဆုံးရှုံးခံမယ် ထင်နေတာလား... ဟွန့် ... နင်ကလေ ငါတို့နှစ်ယောက်လုံးက နင့်ကို သံယောဇဉ် ရှိလို့ သည်းခံနေတာကို နင့်ကိုယ်နင် ဟုတ်လှပြီ ထင်နေတာပဲ... "

ဖြူ - " ဆရာမက မချစ်တော့ပါဘူး လမ်းခွဲရအောင်လို့ ပြောရင် မမသန့်က သူ့မာနကို ထိခိုက်ခံပြီး ဆွဲထားမယ် ထင်နေတာလား... မမသန့်လို လူကလေ... "

ကျွန်မ - " ဟုတ်တယ်... အသန့်လေးက ငါ့ထက် သူ့မာနကို ပိုချစ်တယ်... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ... ငါကတော့ ငါ့မာနထက် အသန့်လေးကို ပိုချစ်တယ်... သူ အနားကနေ ထွက်မသွားအောင် ငါ အမျိုးမျိုး လုပ်မှာပဲ... နင့်ကို ငါတောင်းပန်နေတာက နင်က မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြီး ငါတို့ရဲ့ ညီအစ်မ ဆက်ဆံရေး ပြိုကွဲသွားမှာစိုးလို့ ... နင့်ကို ညီမအရင်းလေးလို သဘောထားလို့ ဒီလိုလာပြောနေရတာ... "

ဖြူ - " တော်စမ်းပါ ဆရာမရယ်... ဆရာမ ထွက်မသွားခင် ရွာမှာ မမသန့်နဲ့ အကြောင်း သတင်းပြန့်မှာစိုးလို့မလား... စိတ်ချပါ... ဖြူစင်နှင်းက အဲ့လို မယုတ်မာဘူး... ဆရာမကသာ မမသန့် ခက်ခဲနေတုန်းက ထားခဲ့ပြီး အခုလို အောင်မြင်လာမှ ပြန်ပေါ်လာတာ... ဆရာမရဲ့ အချစ်က ရိုးသားပါတယ်လို့ ထင်နေတာလား... မမသန့် ဆရာမကို ချစ်တာမို့ ဒါတွေ မတွေးပေမယ့် သမီးကတော့ မမရဲ့ fan တစ်ယောက်အနေနဲ့ တွေးတယ်... ဆရာမသာ ရှက်တတ်မယ်ဆို မမသန့်နဲ့ ပြန်မပတ်သတ်သင့်ဘူး... သမီးအနေနဲ့ မမသန့်ကို မရနိုင်မှန်း သိတယ်... မရလည်း ဖြစ်တယ်... ဒါပေမယ့် ဆရာမလို မမသန့်ရဲ့ အချစ်ကို အခွင့်အရေးယူတဲ့လူနဲ့တော့ သဘောမတူချင်ဘူး... "

The Rope (Own Creation)Where stories live. Discover now